နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

တန့်ဆည်မြို့ရှိ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရပြီး (၁)ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရခဲ့

ဇန်နဝါရီလ (၉)ရက်။

ဇန်နဝါရီလ (၇)ရက် ည (၁၁)နာရီအချိန်က တန့်ဆည်မြို့ မူးဂွကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ မူးဂွရွာနားက ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန် နာရီဝက်လောက်ရှိတယ်။ စကစဘက်က (၁)ဦးသေပြီး (၃)ယောက်လောက် ဒဏ်ရာရသွားတယ်” လို့ ဆိုပါတယ်။

မူးဂွရွာအနီးက စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် (၃၀)ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ (၃)ဦးခန့် ဒဏ်ရာရရ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)အပါအဝင် Hydra Force၊ တပ်ရင်း(၂၅)၊ တပ်ရင်း(၁၆)နဲ့ ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမော်လေဆိပ်ကို KIA ပူးပေါင်းတပ် သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 2 Views
ဇန်နဝါရီလ (၉) ရက်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ဒီနေ့ ဇန်နဝါရီလ ၉ရက်နေ့မှာ ဗန်းမော်လေဆိပ်က
မြန်မာသတင်း

လယ်ဒိုမြို့နယ်ထဲက စစ်ကောင်စီရဲ့ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 2 Views
ဇန်နဝါရီလ (၉)ရက်။ ဇန်နဝါရီလ (၅)ရက်နေ့က လယ်ဒိုမြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရမ်းဗြဲမြို့ ကျောက်နီမော်ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက် အနည်းဆုံး ၄၀ ခန့်သေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 2 Views
ဇန်နဝါရီလ (၉) ရက်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြိုနယ်၊ ကျောက်နီမော်တိုက်နယ်ကို မနေ့က ဇန်နဝါရီလ ၈ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၄၀ ခန့် သေဆုံးပြီး
မြန်မာသတင်း

ရွေးကောက်ပွဲအတွက် မဲရုံအလိုက် မဲစာရင်းတွေပြုစုဖို့ စစ်ကောင်စီစီစဉ်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 3 Views
ဇန်နဝါရီလ (၉)ရက်။ စစ်ကောင်စီက အခုနှစ်ထဲ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲအတွက် မဲရုံအလိုက် မဲစာရင်းတွေပြုစုဖို့ မနေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အိမ်ထောင်စုအမှတ်စဉ်တွေ ဖြည့်သွင်းနိုင်ဖို့နဲ့ လူဦးရေစာရင်းတွေ မြေပြင်စိစစ်အတည်ပြုနိုင်ဖို့ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့တာလို့
မြန်မာသတင်း

မြိုင်မြို့နယ်ထဲ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူတာနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 3 Views
ဇန်နဝါရီလ (၉)ရက်။ မြိုင်မြို့နယ်ရဲ့ အရှေ့တောင်ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ (၇)ရက်နေ့ကစပြီး ကျောက်ဆောက်ရွာကို ရောက်နေတဲ့ စကစစစ်ကြောင်းနဲ့ ရိက္ခာကားတန်းက အဖွဲ့တွေခွဲပြီး
မြန်မာသတင်း

ကျပ်(၂၀၀၀၀)တန်နဲ့ပတ်သက်ပြီး သတင်းလွှင့် ဈေးကစားသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီဗဟိုဘဏ် သတိပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 4 Views
ဇန်နဝါရီလ (၉)ရက်။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ငွေကျပ်(၂၀၀၀၀)တန်နဲ့ပတ်သက်ပြီး သတင်းလွှင့်ကာ ဈေးကစားသူတွေကို ဖော်ထုတ်အရေးယူမယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငွေကျပ်(၂၀၀၀၀)တန်နဲ့ပတ်သက်ပြီး ကောလာဟလသတင်းလွှင့်ကာ ကုန်ပစ္စည်းတွေအပါအဝင် ဒေါ်လာနဲ့ နိုင်ငံခြားငွေတွေ ဈေးကစားဖို့နဲ့ ငွေကြေးဈေးကွက်နဲ့ ရွှေဈေးကွက်ကို ပျက်ပြားစေဖို့
မြန်မာသတင်း

ရန်ကုန် ပန်းဘဲတန်းမှာ စိန်ရွှေရတနာဆိုင် လုယက်ဓါးပြတိုက်ခံရပြီး တန်ဖိုးကျပ်သိန်း(၁၀၀၀၀)ကျော်ပါသွားခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 4 Views
ဇန်နဝါရီလ (၉)ရက်။ မနေ့က နံနက် (၉)နာရီခွဲအချိန်က ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့၊ လမ်း(၃၀) အလယ်ဘလောက်ရှိ ရွှေချစ်သူ စိန်ရွှေရတနာရောင်းဝယ်ရေးဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ရွှေရောင်းချင်တယ်ဆိုပြီးပြောလို့ တံခါးဖွင့်ပေးရာကနေ သေနတ်တွေ ဓါးတွေနဲ့
1027 Operations မြန်မာသတင်း

ပလောင်အလံမလွှင့်ရင် ထောင်ဒဏ်ချမယ်လို့ TNLA အမိန့်ထုတ်ပြန်ချက် ဒေသခံတွေ အခက်တွေ့နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 6 Views
ဇန်နဝါရီလ (၉)ရက်။ နမ္မတူမြို့ရှိ နေအိမ်တွေတိုင်း ပလောင်တော်လှန်ရေးနေ့အတွက် အလံမလွှင့်ထူရင် ငွေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်မယ်ဆိုပြီး TNLA က အမိန့်ထုတ်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒီလ (၁၂)ရက်နေ့မှာကျရောက်မယ့် ပလောင်တော်လှန်ရေးနေ့အတွက် အိမ်တွေမှာ ပလောင်အလံတွေ