ဇန်နဝါရီလ (၉) ရက်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြိုနယ်၊ ကျောက်နီမော်တိုက်နယ်ကို မနေ့က ဇန်နဝါရီလ ၈ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၄၀ ခန့် သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရ ရရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေဆီက သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်နီမော်တိုက်နယ်ရှိ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်က နေအိမ် ၅၀၀ ခန့်မှာလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ။
ရမ်းဗြဲမြိုနယ်၊ ကျောက်နီမော်တိုက်နယ် ဗုံးကြဲခံရမှုကြောင့် ထိခိုက်ပျက်စီးမှုများ/Arakan Princess Media