နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်

1027 Operations

1027 Operations မြန်မာသတင်း

KIO နဲ့ PSLF တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲအတွက် ကြိုတင်ဆွေးနွေး

ဧပြီလ (၉) ရက်။

KIO နဲ့ PSLF ကြား တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲဒီဇိုင်း ကြိုတင်ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

KIO ဘက်က ဗိုလ်ချုပ် ဒရှီဘရန်နန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က PSLF ထိန်းချုပ်နယ်မြေမှာ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး၊ ဒီကနေ့ နယ်စပ်တစ်နေရာမှာ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သတင်းဖော်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း “KIO နဲ့ PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပါပြီ။”လို့ သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။

PSLF/TNLA ဘက်ကတော့ ထုတ်ပြန်မှု တစ်စုံတစ်ရာ မရှိသေးပါဘူး။

KIO နဲ့ PSLF တို့ဟာ မိတ်ဖက်မဟာမိတ် တော်လှန်ရေးအဖွဲ့တွေ ဖြစ်ကြသလို ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေ ဖြစ်ကြပေမဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်က မြို့တွေကို PSLF/TNLA တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်တပ်ဖွဲ့တွေကြား ပွတ်တိုက်မှု ပဋိပက္ခတွေ မကြာခဏ ဖြစ်ပွားနေခဲ့ပါတယ်။

သတင်းရင်းမြစ်။ Kachinwaves

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်တွင်းစစ်ကြားကမေတ္တာရှင်ဆရာတော်အရှင်ဥာဏောဘာသ

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 12 Views
ပြည်တွင်းစစ်ကြားကမေတ္တာရှင်ဆရာတော်အရှင်ဥာဏောဘာသ ဘုရားသုံးဆူဒေသမှာ၁၉၈၇ခုနှစ်လောက်ကစပြီးသီတင်းသုံးနေတဲ့ဆရာတော်အရှင်ဥာဏောဘာသရဲ့ပရဟိတ္တလုပ်ငန်းကနေစစ်ရှောင်ပြည်သူတွေကို ပါးစပ်ကမဟုတ် လက်တွေ့ကူညီ နေပုံတွေကိုကြည်နူးဝမ်းမြောက်စရာသာဓုခေါ်နိုင်ကြစေရန်တင်ပြပေးထားပါတယ် ဆရာတော်ဟာလူမျိုးဘာသာ အယုတ်အလတ် အမြတ်မ‌ရွေးကူညီနေတာကြောင့် ထိုင်းနိုင်ငံသားများကပါ လာရောက်လှူဒါန်းကြသလို လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကလည်း
မြန်မာသတင်း

ရေဖြူမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် (၁၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 26 Views
ဩဂုတ်လ (၁၄)ရက်။ မနေ့က ရေဖြူမြို့နယ် ကော့လှိုင်းရွာကို အင်အား (၁၅၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးတာ ကျပ်(၄၇၀၀)ဘီလီယံကျော်ရှိတယ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 23 Views
ဩဂုတ်လ (၁၄)ရက်။ စစ်ကိုင်းငလျင်ကြောင့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးတာ ငွေကျပ် (၄၇၇၉)ဘီလီယံကျော်ဖြစ်တယ်ဆိုပြီး စစ်အုပ်စုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပျက်စီးဆုံးရှုံးတာတွေထဲ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ ရထားပို့ဆောင်ရေး၊ လျှပ်စစ်၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ သာသနာရေး၊
မြန်မာသတင်း

တရုတ်က စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေ

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 19 Views
ဩဂုတ်လ (၁၄)ရက်။ တရုတ်အစိုးရက စစ်ကောင်စီကို ခေတ်မှီ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေတယ်လို့ တအာင်းအရပ်ဘက်အဖွဲ့ (၆)ဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တရုတ်အစိုးရက စစ်ကောင်စီနဲ့ပူးပေါင်းပြီး TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်ပေးဖို့ နိုင်ငံရေး၊
မြန်မာသတင်း

ရွေးကောက်ပွဲကာလ လုံခြုံရေးမကျိုးပေါက်စေဖို့ဆိုပြီး စစ်အုပ်စု ညွှန်ကြား

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 18 Views
ဩဂငတ်လ (၁၄)ရက်။ ရွေးကောက်ပွဲကာလတွေမှာ လုံခြုံရေးမကျိုးပေါက်စေဖို့ဆိုပြီး မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးမှာ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင် ဦးဆောင်ကာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအစည်အဝေးမှာ ပြောဆိုခဲ့တာပါ။
မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၃၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကင်းပုန်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 33 Views
ဩဂုတ်လ (၁၃)ရက်။ မနေ့က နံနက် (၉)နာရီအချိန် မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြင်းခြံအနီး MBT
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 30 Views
ဩဂုတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ပင်ပေါရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ နံနက်အစောပိုင်း (၁၂)နာရီ
မြန်မာသတင်း

ပလက်ဝကို AA က အုပ်ချုပ်ရေးဖော်ဆောင်တာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 41 Views
ဩဂုတ်လ (၁၃)ရက်။ ချင်းပြည်နယ် ပလက်ဝမြို့ကို AA က ခရိုင်တခုအနေနဲ့ ထည့်သွင်းပြီး အုပ်ချုပ်ရေးဖော်ဆောင်နေတာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ Chin Civic Movement(CCM)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ