နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ရှိ သံတွဲမြို့က နေရာ (၃)ခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ (၁၂)နှစ်အရွယ်အပါအဝင် စစ်ရှောင် (၄)ဦးသေဆုံးခဲ့

ဇွန်လ (၉)ရက်။

ဇွန်လ (၇)ရက်နေ့ ည (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် သံတွဲမြို့ရှိ နေရာ (၃)ခုကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။

“ ည (၁၀)နာရီကျော်အချိန်မှာ သံတွဲမြို့က စစ်ရှောင်တွေရှိတဲ့ ကျောက်ကြီးရွာစာသင်ကျောင်းကို (၂)ကြိမ်၊ ပုဇွန်ဖြေရွာစာသင်ကျောင်းကို (၂)ကြိမ်နဲ့ အရင် စစ်ကောင်စီရဲ့ တပ်သားသစ်စုဆောင်းတဲ့ဌာနကို ဗုံး (၄)လုံး ကြဲချခဲ့တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မနေ့ကတရက်ထဲမှာပဲ သံတွဲမြို့ရှိ ‌စစ်ရှောင်တွေနေထိုင်တဲ့ ကျောက်ကြီးရွာနဲ့ ပုဇွန်ဖြေစာသင်ကျောင်းအပြင် အရင်တပ်သားသစ်စုဆောင်းရေးဌာနတို့ကို ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ဗုံးကြဲချခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို ‌ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောက်ကြီးရွာစာသင်ကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ဆင်ဒင်ကြီးရွာက (၁၂)နှစ်အရွယ် မဧပြီမိုး၊ (၄၂)နှစ်အရွယ် ဦးထွန်းထွန်းဝင်း၊ (၄၃)နှစ်အရွယ် ဒေါ်နှင်းဝေခိုင်နဲ့ မောင်ရွှေလေးရွာနေ (၄၈)နှစ်အရွယ် ဒေါ်အပုတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်

နောက်ပြီး ကျောက်ကြီးရွာစာသင်ကျောင်း ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီအထဲ (၆)ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုဇွန်ဖြေရွာစာသင်ကျောင်း ဗုံးကြဲခံရတာမှာ အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းနဲ့ နေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

အာရက္ခတပ်တော်(AA)ရဲ့ သံတွဲမြို့သိမ်းတိုက်ပွဲပြီးနောက် ၂၀၂၄ခုနှစ် စက်တင်ဘာလကနေ အခုနှစ် ဇွန်လ (၇)ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂၈)ဦးထက်မနည်း သေဆုံးခဲ့ကာ (၇၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 45 Views
ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၂၈)ရက် ညနေ (၅)နာရီခွဲကျော်အချိန်က ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်တွေရှိတဲ့ မရွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 59 Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ကျောက်ဖြူမြို့ရှိ မရွင်းရွာစာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ

မောင်တောရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 111 Views
ဒီဇင်ဘာလ (၁၅)ရက်။ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က မောင်တောခရိုင် အထက်ကျီးကျွန်း နယ်စပ်မှတ်တိုင် (၂၀/၂၁)ကြားရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းတခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့ လေကြောင်းဗုံးကြဲခံရပြီး အရပ်သား (၈)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 107 Views
ဒီဇင်ဘာလ (၁၂)ရက်။ မနေ့က ည (၇)နာရီခွဲကျော်အချိန်က ကျောက်ဖြူမြို့ရှိ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဦးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲသလိုမျိုး
၁၁၁၃ ရခိုင်စစ်ပွဲ

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 117 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့လုပ်ရပ်က လွန်စွာ စက်ဆုတ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ်သာမက ရခိုင်ဒေသမှာ
၁၁၁၃ ရခိုင်စစ်ပွဲ

မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လူနာ (၁၀)ဦးခန့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 117 Views
ဒီဇင်ဘာလ (၁၁)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်မှာ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၉)နာရီ (၁၃)မိနစ်လောက်မှာ မြောက်ဦးမြို့
၁၁၁၃ ရခိုင်စစ်ပွဲ

နတ်ရေကန်ဗျူဟာကုန်းအပါအဝင် တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးရမိခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 123 Views
နိုဝင်ဘာလ (၁၂)ရက်။ နတ်ရေကန်ဗျူဟာကုန်းအပါအဝင် နေ့တိုင်းလိုလို ပြင်းထန်နေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်နဲ့ ရခိုင်-ဧရာဝတီတိုင်းအစပ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေကို AA
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီးသတ်ဖြတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 183 Views
အောက်တိုဘာလ (၂၃)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီခရီးသည်တင်ကားဟာ ရသေ့တောင်မြို့ စေတီပြင်ရွာကနေ ဆန်၊ ဆီ၊ ဆားနဲ့