နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာ နမခကနေထွက်လာတဲ့ စစ်ကောင်စီကား (၁၀)စီးပါယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

ဇန်နဝါရီလ (၁၀)ရက်။

မနေ့က နံနက်ပိုင်းအချိန်က မုံရွာမြို့နယ် နမခဘက်ကနေ စစ်ကောင်စီရဲ့ Jammer ကား (၃)စီးနဲ့ ရိက္ခာတင်ကား (၇)စီးကို မုံရွာ-အရာတော်လမ်းပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့က နမခကနေ ထွက်လာတဲ့ စကစရဲ့ ထပရ(၉၂၉)နဲ့ တပ်မ(၇၇)လက်အောက်ခံ ထုတ်နုတ်အင်အားပါတဲ့ Jammer ကားတွေနဲ့ ရိက္ခာကာစတန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ။ အဲ့ဒီတိုက်ပွဲမှာ အမတ(၅၀၈)က လက်နက်ကြီးပစ်ကူပြီး တပ်ကူတွေလဲ ထပ်ပို့ခဲ့တယ်” လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က အမတ (၅၀၈)ကနေ လက်နက်ကြီးပစ်ကူအနေနဲ့ ၁၂၂မမ ဟောင်ဝှစ်ဇာ (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမခကနေ သံပြားကာကား (၄)စီး တပ်ကူပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့မှုထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးခဲ့ပြီး (၇)ဦးကို အရှင်ဖမ်းမိခဲ့သလို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီထံက G-3 (၂)လက်၊ MA-4 (၁)လက်၊ Uzi (၁)လက်၊ 5.56 မမ ကျည် (၄၁၉၀ )တောင့်၊ G-3 ကျည် (၅၀၀၀)တောင့်၊ ၁၂၂မမ ဟောင်ဝှစ်ဇာ (၁၅)လုံး၊ ဒရုန်း ဗုံးသီး (၂၀)လုံး၊ တိုက်မိုင်း (၃၀)လုံး၊ ၇၃မမ ဒုံးသီး (၂၀)လုံး၊ ၆၀မမ ဗုံးသီး (၂၇)လုံး၊ ၄၀မမ  ဗုံးသီး (၃)လုံး၊ နင်းမိုင်းအသေး (၄၅)လုံး၊ Jummer စက်ကြီး (၃)လုံး၊ Jummer စက်သေး (၂)လုံး၊ ကျောပိုးလွယ်အိတ် (၆)လုံးနဲ့ Uzi ကျည်အိမ် (၂)ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ မုံရွာခရိုင်ကွပ်ကဲရေးမှူး ညွှန်ကြားမှုနဲ့ မုံရွာခရိုင် တပ်ရင်း(၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇)၊ ဗျူဟာ-၆၆(မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆)၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ်ပကဖ (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁)၊ အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ်ပကဖ (တိုက်နယ်-၂)နဲ့ BLDF ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

(၂)ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 2 Views
ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၉)ရက်နဲ့ (၁၀)ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာသတင်း

လောင်းလုံးမြို့မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ယာယီစစ်ကြောင်းမှူးအပါအဝင် (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 2 Views
ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၇)ရက်နေ့က လောင်းလုံးမြို့နယ် စမ်းလှန်းရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
1027 Operations မြန်မာသတင်း

တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ပြီး အောင်ပွဲရရယူဖို့ အချိန်ကောင်းလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 6 Views
ဇန်နဝါရီလ (၁၀)ရက်။ တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်မြှင့်တင်ကာ အောင်ပွဲရရှိဖို့ အချိန်အခါကောင်းလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတဝန်း ဘုံရန်သူကို ထိုးစစ်ဆင် တော်လှန်နေတာကြောင့် စစ်ကောင်စီဟာ သမိုင်းတွင်တဲ့ ကျဆုံးမှုတွေနဲ့
မြန်မာသတင်း

မန္တလေးမှာ စစ်ကောင်စီရဲ့ တိုင်းအကူရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းခန်းတွေ မီးလောင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 5 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၅၀)မိနစ်က မန္တလေး ချမ်းအေးသာဇံမြို့နယ် ပါတ်ကုန်းပျော်ဘွယ်ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ တိုင်းအကူရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းခန်းမှာ မီးလောင်ခဲ့တယ်လို့ မီးသတ်သတင်းတွေထံက သိရပါတယ်။ “ ချမ်းအေးသာဇံ ပါတ်ကုန်းပျော်ဘွယ်ရပ်ကွက် (၆၈)လမ်းနဲ့(၆၉)ကြား (၂၉)နဲ့လမ်း(၃၀)ကြားက
မြန်မာသတင်း

ဘယ်လာရုစ်နဲ့ စစ်ကောင်စီတို့ ဖွံ့ဖြိုးမှု ပူးတွဲဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ စာလွှာ လက်မှတ်ရေးထိုး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 8 Views
ဇန်နဝါရီလ (၁၀)ရက်။ မနေ့က နေပြည်တော်မှာ ဘယ်လာရုစ်နဲ့ စစ်ကောင်စီတို့အကြား ဖွံ့ဖြိုးမှု ပူးတွဲဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ စာလွှာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စာလွှာကို စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး
မြန်မာသတင်း

စစ်မှုထမ်းဥပဒေနဲ့ တပ်သားဖြစ်လာသူ (၂)ဦး KNLA ထံ လက်နက်ချအလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 7 Views
ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၅)ရက်နေ့က စစ်ကောင်စီတပ်ရဲ့ မဖြစ်မနေ စစ်မှုမထမ်းမနေရဥပဒေနဲ့ တပ်သားဖြစ်လာသူ (၂)ဦး KNLA ထံ လက်နက်ချ အလင်းဝင်လာတယ်လို့ KNU ရဲ့ မ‌နေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ မဖြစ်မနေ
မြန်မာသတင်း

ချင်းပြည်မှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG ခေါ်ယူ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 7 Views
ဇန်နဝါရီလ (၁၀)ရက်။ ချင်းပြည်ရှိ ဆေးရုံနဲ့ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG ကျန်းမာရေးဝန်ကြီးဌာနက ခေါ်ယူနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်း ခေါ်ယူတာဟာ ချင်းပြည်အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့
မြန်မာသတင်း

တစ်နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား (၁၈၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 7 Views
ဇန်နဝါရီလ (၁၀)ရက်။ ၂၀၂၄ခုနှစ် တစ်နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားသေဆုံးသူ (၁၈၂၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူတွေထဲ လိင်စိတ်ခံယူမှုကွဲပြားသူ (၁)ဦး၊ အမျိုးသမီး (၆၈၂)ဦးနဲ့ အမျိုးသား