နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၂)ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

ဇန်နဝါရီလ (၁၀)ရက်။

ဇန်နဝါရီလ (၉)ရက်နဲ့ (၁၀)ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မနေ့က ဆောမြို့နယ် မြို့မရဲစခန်းကနေ စစ်ကောင်စီရဲတပ်သားတစ်ဦးဟာ G-3 တစ်လက်၊ ကျည် (၃၄၉)တောင့်၊ လက်ပစ်ဗုံး (၄)လုံးအပြင် ကျည်အိမ် (၂)ခုတို့နဲ့ ဂန့်ဂေါခရိုင်တပ်ရင်း(၃)ထံ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့မှာပဲ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ BPI မွေးမြူရေးစခန်းက စစ်ကောင်စီတပ်သား (၂)ဦး ပခုက္ကူခရိုင်တပ်ရင်း(၈)ထံ အလင်းဝင်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို အလင်းဝင်လာတဲ့ တပ်သား (၂)ဦးမှာ MA-1 (၂)လက်၊ အီနာဂါဗုံးသီး (၁)လုံး၊ နာနတ်သီးဗုံး (၂)လုံး၊ MA ကျည် (၁၆၆)တောင့်၊ ပို့ကျည် (၅)တောင့်နဲ့ ကျည်အိမ် (၁၀)ခုတို့ ပါဝင်တယ်လို့ ရေးသားထားပါတယ်။

ဒီကနေ့မှာလဲ ဝက်လက်မြို့ရှိ ရှိမ္မကားကျေးရွာမှာ ယာယီအခြေပြုတဲ့ စစ်ကောင်စီဗိုလ်ကြီး အေးမျိုးထွန်း ဦးစီးတဲ့ ခမရ(၁၃)က ပြည်သူ့စစ်တပ်သား (၂)ဦး အလင်းဝင်ခဲ့တ်ူလို့လဲ ပြောဆိုထားပါတယ်။

သူတို့ဟာ MA-1 (၂)လက်၊ MA ကျည် (၄၆၀)တောင့်နဲ့ ရွှေဘိုခရိုင်တပ်ရင်း (၂)ထံ အလင်းဝင်လာခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 18 Views
မေလ (၁၃)ရက်။ မေလ (၉)ရက်နေ့ ‌နံနက် (၇)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဆန်းသစ်ကျေးရွာအနီး စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးတိန်တွင်းရွာ စာသင်ကျောင်းမှာ အတန်းတင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန် လေကြောင်းတိုက်ခိုက်ခံရတာလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 57 Views
မေလ (၁၃)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်က ဒီပဲယင်းမြို့ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG က
မြန်မာသတင်း

မန်တုံမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား (၁)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 23 Views
မေလ (၁၃)ရက်။ ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်က မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည(၁၂)နာရီ (၄၅)မိနစ်အချိန်မှာ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီတပ်က
မြန်မာသတင်း

ဂန့်ဂေါမြို့မှာ စစ်ကောင်စီစစ်ကြောင်းက ကလေးငယ်တွေအပါအဝင် အရပ်သား (၁၁)ဦးကို သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 30 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၁)နာရီခန့်က ဂန့်ဂေါမြို့တောင်ပိုင်း လယ်မကျေးရွာကို ခလရ(၅၀)နဲ့ အမြောက်တပ်က အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ခလရ(၅၀)နဲ့ အမြောက်တပ်က စခတွေပေါင်းပြီး အင်အား
မြန်မာသတင်း

ချင်းတပ်ဖွဲ့တွေပူးပေါင်းပြီး Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 21 Views
မေလ (၁၂)ရက်။ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေပေါင်းစည်းကာ Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းနိုင်ဖို့ သဘောတူခဲ့တယ်လို့ ချင်းညီနောင်(CB)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌ဧပြီလ (၂၆)ရက်နေ့ကနေ (၂၉)ရက်အထိ ချင်းညီနောင် မြေပြင်အစည်းအဝေးကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့ပြီး
မြန်မာသတင်း

ဒီပဲယင်းရှိ စာသင်ကျောင်း ဗုံးကြဲခံရပြီး ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 27 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ဒီပဲယင်းမြို့အနောက်ဘက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက်(၉)နာရီ (၄၀)လောက်မှာ ဒီပဲယင်းအနောက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို
မြန်မာသတင်း

ရွှေကျင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 29 Views
စစ်ကောင်စီဘက်က တပ်ရင်မှူးအပါအဝင် အရာရှိတွေနဲ့ တပ်သား (၅၀)ခန့် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြ မေလ (၁၂)ရက်။ မေလ (၈)ရက်နေ့က ရွှေကျင်မြို့ ညောက်ခြေထောက်ရွာရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြန်မာစစ်တပ်က နိုင်ငံတကာစစ်တပ်တွေနဲ့အတူ အဆင့်မီတဲ့စစ်တပ်ဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 21 Views
မေလ (၁၂)ရက်။ မြန်မာစစ်တပ်က နိုင်ငံတကာစစ်တပ်တွေနဲ့အတူ အဆင့်မီတဲ့စစ်တပ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ရုရှားကနေပြန်လာချိန် ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာ့တပ်မတော်ဟာ နံပါတ်တစ် နိုင်ငံတကာတပ်မတော်တွေနဲ့အညီ ရင်ပေါင်တန်းနိုင်တဲ့ တပ်မတော်ဖြစ်တယ်။ နိုင်ငံတကာတပ်မတော်တွေနဲ့အတူ အဆင့်မီ