နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

ဆောင်းပါးများ

ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲပြည်သို့ ကျရောက်နေပါသည်။ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်သည်။

ဤဆောင်းပါးသည် Wedge online တွင် ဖော်ပြသည့် အိုကာဇာကီအင်စတီကျူမှ ရေးသားသည့် မြန်မာနိုင်ငံအတွက် သုံးသပ်ချက်ဖြစ်သည်။

အိုကာဇာကီအင်စတီကျူ ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟီဆာဟီကို အိုကာဇာကီ (Hisahiko Okazaki) သည် ဆော်ဒီအာရေးဗီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သံတမန်သမိုင်းပညာရှင်နှင့် စာရေးဆရာလည်း ဖြစ်သည်။ နိုင်ငံတကာ အခြေအနေကို တရားစီရင်ရန် သံခင်းတမန်ခင်းနှင့် လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များကို ပံ့ပိုးပေးသည့် လုပ်ငန်းတစ်ခုအနေဖြင့် အဆိုပါ အင်စတီကျု့မှ အယ်ဒီတာ့အာဘော်များ၊ မှတ်ချက်များ၊ ဆောင်းပါးများ စသည်တို့ကို သံခင်းတမန်ခင်းနှင့် နိုင်ငံတကာ အခြေအနေကို ပြည်ပမီဒီယာများမှ တင်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇွန်လ ၄ ရက်နေ့ထုတ် Economist မဂ္ဂဇင်း၏ အယ်ဒီတာ့အာဘော်တွင် တရုတ်နိုင်ငံသည် မြန်မာ့ပြည်တွင်းစစ်တွင် ပါဝင်သူအားလုံးအပေါ် ခြိမ်းခြောက်ခြင်း၊ မိမိတို့ ပြောစကားကို နားထောင်စေရန် နိုင်ကွက်ကိုင် ကစားခြင်းတို့ကို ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ရက်စက်ကြမ်းကြုတ်မှုက သဘာဝတရားသဖွယ် အခြေအနေသို့ ကျဆင်းနေသည်။ လူပေါင်း ၂ သန်းကျော်သည် ငတ်မွတ်ခေါင်းပါးမှုဘေးတွင် ရှိနေကြပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု၊ လိမ်လည်မှုနှင့် လူကုန်ကူးမှု အပါအဝင် ရာဇ၀တ်မှု၏ သက်ရောက်မှုများသည် နယ်စပ်ဖြတ်ကျော် ပျံ့နှံ့လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့်အရာသည် လူသားများအပေါ် ကျရောက်နေသောကပ်ဘေးတစ်ခု ဖြစ်သော်လည်း အခြားအကြောင်းကြောင့်လည်း အရေးကြီးပါသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံတို့သည် မြန်မာနိုင်ငံတွင်းတွင် တစ်ချိန်က သြဇာလွှမ်းမိုးမှုကို စွန့်လွှတ်ခဲ့ကြသည်။ ယင်းအတွက်ကြောင့် ပြင်ပအိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲတွင်းထဲသို့ ကျရောက်နေသည်။ အနောက်နိုင်ငံတို့သည် မြန်မာနိုင်ငံအပေါ် အဆိုးမြင်ဝါဒနှင့် လျစ်လျူရှူခြင်းတို့ဖြင့် မြန်မာနိုင်ငံ၏ တန်ဖိုးများနှင့် မသက်ဆိုင်သည့် နိုင်ငံခြားရေးမူဝါဒကို လက်တွေ့လုပ်ဆောင်နေကြသည်။

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ၄၉ နှစ်ကြာ စစ်အုပ်ချုပ်ရေးကို ခံစားခဲ့ရသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ကို အုပ်ချုပ်ခွင့်ပေးခဲ့ပြီး အာဏာအချို့ စွန့်လွှတ်ခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတွင် စစ်တပ်က အာဏာ အပြည့်အဝ ရယူပြီးကတည်းက စစ်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ စစ်အစိုးရကိုဆန့်ကျင်သည့်တော်လှန်ရေးအင်အားစုများနှင့် လူဆိုးဓားပြများပါဝင်သည့် ဖရိုဖရဲ ပြည်တွင်းစစ်ကို ဖြစ်ပေါ်လာခဲ့သည်။

အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု လျော့နည်းလာသည်နှင့်အမျှ တရုတ်သည် အင်အားပိုကြီးထွားလာသည်။ တရုတ်သည် သြဇာအာဏာရှိသူ၊ ငွေကြေးရှိသူ၊ လက်နက်ရှိသူ မည်သူနှင့်မဆို အပေးအယူလုပ်သည်။ တရုတ်သည် စစ်အစိုးရနှင့်လည်း အပေးအယူ လုပ်သလို တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့်လည်း ပူးပေါင်းဆောင်ရွက်သည်။ တရုတ်သည် တိုက်ပွဲ၏ သဘောသဘာဝကို အဆုံးအဖြတ်ပေးရန်အတွက် ခဲယမ်းနှင့် လက်နက်များပေါ်တွင် ၎င်း၏ သြဇာနှင့် ထိန်းချုပ်မှုကို အသုံးပြုသည်။

တရုတ်၏ အကျိုးစီးပွားများတွင် ထိုင်ဝမ်နှင့် စစ်ပွဲဖြစ်ပွားချိန်တွင် အရေးပါသော မလက္ကာ ရေလက်ကြားတစ်ဝိုက်ရှိ အစားထိုးထောက်ပံ့ရေးလမ်းကြောင်းကို ပံ့ပိုးပေးမည့် အိန္ဒိယသမုဒ္ဒရာမှ ကီလိုမီတာ ၂၅၀၀ ရှည်လျားသော စွမ်းအင်ပိုက်လိုင်းကို ကာကွယ်ခြင်း ပါဝင်သည်။ တရုတ်နိုင်ငံသည် သတ္တုတွင်းထွက်နှင့် အခြားသယံဇာတများ လက်လှမ်းမီမှုကို ဆက်လက်ထိန်းသိမ်းထားရန်၊ ၎င်း၏ Belt and Road အခြေခံအဆောက်အအုံကို ကာကွယ်ရန်၊ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားပြီး လိမ်လည်နေသည့် ကြားဖြန့်ဂိုဏ်းများကို ဖမ်းဆီးရန်၊ မြန်မာနိုင်ငံမှ အနောက်နိုင်ငံများ၏ ပါဝင်မှုကို မောင်းထုတ်ရန်တို့ကို လိုလားနေသည်။

တရုတ်နိုင်ငံသည် အားလုံးကို ခြိမ်းခြောက်လိုက် နိုင်ကွက်ကိုင်လိုက်နှင့် ၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောရန် လုပ်ဆောင်နေသည်။ မြန်မာ့စီးပွားရေးသည် ၂၀၁၉ ခုနှစ်မှစ၍ လေးပုံတစ်ပုံ ကျဆင်းလာခဲ့သည်။ ယခုနှစ်နှောင်းပိုင်းတွင် ရွေးကောက်ပွဲအတုများ ကျင်းပရန် တရုတ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိအားပေးလျက်ရှိသည်။ ရွေးကောက်ပွဲ ကျင်းပလာပါက ရွေးကောက်ပွဲကို တရားမဝင်စေရန် အတိုက်အခံများက နှောင့်ယှက်လာပါက ပြင်းထန်သော အကြမ်းဖက်မှုများကို ဖြစ်ပေါ်လာစေနိုင်သည်။

ယနေ့ အမေရိကန်နှင့် ဥရောပတို့သည် မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးခြင်း၊ နှိပ်စက်ညှဉ်းပန်းမှုများကို လူသိရှင်ကြား ထုတ်ပြန်ခြင်းနှင့် ဒီမိုကရေစီလိုလားသော အင်အားစုများကို ပံ့ပိုးပေးခြင်းဖြင့် မြန်မာနိုင်ငံအား ကူညီနိုင်သော်လည်း ထရန့်အစိုးရသည် မြန်မာနိုင်ငံအတွက် အကူအညီများ ဖြတ်တောက်ခဲ့ပြီး ဥရောပသည်လည်း အရှေ့ဘက်နယ်စပ်တွင် လုံခြုံရေးအတွက် နစ်မွန်းလျက်ရှိသည်။

မြန်မာ့ရေရှည်မျှော်လင့်ချက်မှာ ဒီမိုကရေစီအင်အားစုများသည် နောက်ဆုံးတွင် စည်းလုံးညီညွတ်ပြီး ပြည်တွင်းစစ်ကို အောင်နိုင်မလား သို့မဟုတ် မြန်မာ့အိမ်နီးချင်းများဖြစ်သည့် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကလည်း တရားမျှတသော ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ကြမည်လားနှင့် သက်ဆိုင်နေသည်။ သို့သော် ယခုအချိန်တွင် အိမ်နီးချင်းနိုင်ငံများသည် စစ်အာဏာရှင်များကို ထောက်ခံအားပေးကြသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ အိမ်နီးချင်းနိုင်ငံများသည် ဒီမိုကရေစီနိုင်ငံမှသာလျှင် တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်ကြောင်း သဘောပေါက်လာနိုင်သည်။ ယင်းအချိန်အထိ စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံသားအချို့က ဆက်လက် တိုက်ပွဲဝင်နေအုံးမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှု၊ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှုနည်းပါးမှုနှင့် အခြားနိုင်ငံတို့၏ လျစ်လျူရှုမှုများကြောင့် မြန်မာနိုင်ငံကို ဆိုးရွားသော ကံကြမ္မာ ဖြစ်ပေါ်စေခဲ့သည်။

တရုတ်သည် စစ်အာဏာရှင်နှင့် တိုင်းရင်းသားလူနည်းစုများကို လက်ကမ်းပေးခြင်း

အမေရိကန်နှင့် ဥရောပတို့သည် မြန်မာနိုင်ငံပြည်တွင်းစစ်၏ ဖရိုဖရဲ ပျက်သုဉ်းမှုကို စိတ်ဝင်စားမှု လျော့နည်းလာသဖြင့် တရုတ်နိုင်ငံသည် တစ်ဦးတည်းသော ပြင်ပအင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် ၎င်း၏ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ရန် တစ်ခုတည်းကိုသာ ရည်ရွယ်သည့် တန်ဖိုးမဲ့ သံခင်းတမန်ခင်းတွင် ရက်စက်သည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

၎င်းသည် ကစားသမားအားလုံး (စစ်အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများကဲ့သို့) ကို ခြိမ်းခြောက်ခြင်းနှင့် မိမိတို့ ပြောသမျှကို လိုက်နာစေရန် နိုင်ကွက်ကိုင်၍ ကြိုးကိုင်ခြင်းတို့ ပြုလုပ်နေသည်။ တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲကျရောက်နေသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ညီနောင်မဟာမိတ်အဖွဲ့ (Three Brotherhood Alliance) သည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အရှေ့မြောက်ဒေသရှိ ရှမ်းပြည်နယ်ကို တိုက်ခိုက်ခဲ့ပြီး အဆိုပါ နယ်မြေအား သိမ်းပိုက်ပြီး စစ်အစိုးရအား ဆိုးရွားစွာ ပျက်စီးစေခဲ့သည်။ မကြာခင်မှာပင် တရုတ်က တိုက်ခိုက်မှုနောက်ကွယ်တွင် ကြိုးကိုင်နေသည်ဆိုသည်မှာ ထင်ရှားလာသည်။ အမှန်မှာ ရှမ်းပြည်နယ်စပ်တွင် ပေါက်ဖွားလာသော အွန်လိုင်း လိမ်လည်မှု အကြီးစားအုပ်စုသည် လျစ်လျူမရှုနိုင်သော ပြဿနာဖြစ်လာသောကြောင့် တရုတ်က ကြားဖြန့်အဖွဲ့၏ အခြေစိုက်စခန်းကို ဖျက်ဆီးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ထိုတာဝန်ကို ပြီးမြောက်သွားသည့်အခါ စစ်အစိုးရနှင့် တိုင်းရင်းသား လူနည်းစုများကြား အပစ်အခတ် ရပ်စဲရေးကို တရုတ်က ဖျန်ဖြေပေးခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဇွန်လတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မန္တလေးကို သိမ်းပိုက်ရန် ပြန်လည် ထိုးစစ်ဆင်ခဲ့သည်။ ဩဂုတ်လတွင် ရှမ်းပြည်နယ် (အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ) လားရှိုးမြို့ကို သိမ်းပိုက်ပြီး မန္တလေးသို့ ချဉ်းကပ်ရန် ပြင်ဆင်လာခဲ့သည်။

မြန်မာစစ်အစိုးရ ပြိုလဲပြီး နောက်ထပ် မငြိမ်မသက်ဖြစ်လာမည်ကို သတိထားနေသော တရုတ်နိုင်ငံသည် လျှပ်စစ်နှင့် ရေထောက်ပံ့မှုများကို ဖြတ်တောက်ကာ ကိုးကန့်ခေါင်းဆောင်တစ်ဦးကို ပြန်ပေးဆွဲခြင်းဖြင့် ၎င်းတို့အား ဖိအားပေးခဲ့သည်ဟု သိရသည်။ ၎င်းတို့သည် မဆုတ်ပေးချင်သော်လည်း လားရှိုးမြို့ကို စွန့်လွှတ်ခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့တွင် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာကာ စစ်တပ်ကို လွှဲပြောင်းပေးအပ်ရခဲ့သည်။ ဤသို့ဖြင့် စစ်အုပ်စုသည် မန္တလေးတိုက်ပွဲကို ရှောင်လွှားနိုင်ခဲ့သည်။

ပြည်တွင်းစစ် ဖြစ်ပွားနေသော်လည်း ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှ မန္တလေးသို့ ကူမင်းမြို့အနီးတစ်ဝိုက်သို့ သွယ်တန်းသော သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းသည် ပေါက်ကွဲခြင်းမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နေသည်။ ကစားသမားတိုင်းက တရုတ်ကို ဒေါသမထွက်စေချင်ပုံ ရသည်။ ပိုက်လိုင်းအနီးသည် အလုံခြုံဆုံးနေရာဖြစ်ကေ သာမန်ပြည်သူများ နားလည်ပုံရသည်။

ယခုနှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်ရန် တရုတ်က တောင်းဆိုနေသည်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် မျှော်လင့်ချက်ကို မြင်တွေ့ရန် ခက်ခဲသည်။ ဤအယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသော ရေရှည်မျှော်လင့်ချက်မှာပင် ဒီမိုကရေစီလိုလားသော အင်အားစုများသည် စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်နိုင်မည်ဟု မထင်ပါ။ တရုတ်နိုင်ငံသည် ဒီမိုကရေစီ လိုလားသော အင်အားစုများနှင့် မဟာမိတ် တိုင်းရင်းသား လူနည်းစုများကို အလွန်သြဇာလွှမ်းမိုးမှု မဖြစ်အောင် တားမြစ်ရန် နည်းလမ်းရှိသည်။

တရုတ်နိုင်ငံသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲ ကျင်းပရန် စစ်အစိုးရကို တောင်းဆိုနေပြီး ရွေးကောက်ပွဲ အပြီးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတ ဖြစ်လာပြီး ၎င်း၏ ယူနီဖောင်းကို ချွတ်ရန် မျှော်လင့်နေပုံရသည်။ ရွေးကောက်ပွဲက အတုပင်ဖြစ်စေကာမူ မင်းအောင်လှိုင်က အာဏာကို ဆက်ကိုင်ထားသရွေ့ ဘာမှ ပြောင်းလဲမည်မဟုတ်ပါ။

မျှော်လင့်ချက်တစ်ခုကတော့ လက်ရှိအနေအထားကို ချိုးဖျက်နိုင်သော ခေါင်းဆောင်တစ်ဦး ပေါ်ပေါက်လာဖို့ လိုအပ်မည်ဖြစ်သည်။ ထိုအချိန်အထိ မျှော်လင့်နိုင်သည့် အကောင်းဆုံးအခြေအနေမှာ လက်ရှိအခြေအနေကို ထိန်းထားဖို့လိုသည်။ သို့သော်လည်း ယင်းသည် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ထိထိရောက်ရောက် အသုံးပြုနိုင်သည့် အခြေအနေတစ်ခုလည်း ဖြစ်နိုင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 22 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 23 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက်
မြန်မာသတင်း

AA သင်ကြားပေးတဲ့ SRA စစ်ပညာသင်တန်း ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
မတ်လ (၁၂)ရက်။ မတ်လ (၁)ရက်နေ့က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ပထမဆုံးအကြိမ် အခြေခံးစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ‌တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို အာရက္ခတပ်တော်(AA)ရဲ့ သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။ သင်တန်းကာလထဲ အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊
မြန်မာသတင်း

စစ်တပ်ဆီက ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
မတ်လ (၁၂)ရက်။ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဆီကနေ ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ (၃၀၀)ကျော်ကို ဓါးစာခံအနေနဲ့ ဖမ်းဆီးခဲ့တာကြောင့် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား မွန်ပြည်တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်တရပ် ဖော်ထုတ်နိုင်ဖို့ မွန်တော်လှန်ရေးဖိုရမ်ကို မတ်လ (၉)ရက်ကနေ (၁၁)ရက်အထိ ပြုလုပ်ခဲ့တာပါ။
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး