နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

တနိုင်းရှိ ရွှေမှော်ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား (၁၀)ဦးကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့

ဇန်နဝါရီလ (၁၁)ရက်။

ဒီကနေ့ နံနက် (၁၁)နာရီဝန်းကျင်က တနိုင်းမြို့ လပူခရွှေမှော်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ စကစ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ ရွှေမှော်က အရပ်သားပြည်သူတွေ ရှိတဲ့နေရာပါ။ ညနေပိုင်းအထိကို စကစလေယာဉ်ဗုံးကြောင့် သေဆုံးသူ (၁၀)ဦးကျော်ရဲ့ အလောင်းတွေကို ရှာတွေ့ထားပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တနိုင်းရှိ လပူခရွှေမှော်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ထိခိုက်သေဆုံးတာရှိခဲ့ပြီး ညနေပိုင်းအထိ သေဆုံးသူ (၁၀)ဦးကျော်ရဲ့ ရုပ်အလောင်းကို တွေ့ရှိထားတယ်လို့ သိရပါတယ်။

အခုအခါ လေယာဉ်နဲ့ ‌ဗုံးကြဲခံရပြီး သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းကို ဆက်လက်ရှာဖွေနေသလို ထိခိုက်ဒဏ်ရာရသူ အများအပြားလဲရှိကာ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိပါဘူး။

စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့‌နေရာဟာ KIA တပ်မဟာ(၂)ရဲ့ တပ်ရင်း (၁၄)နယ်မြေဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်သူကို ဘဏ်ဝန်ထမ်းနဲ့ ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 3 Views
ဇန်နဝါရီလ (၁၁)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မန္တလေး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် လမ်း(၄၀)၊ (၇၂)လမ်းနဲ့ (၇၃)လမ်းကြားရှိ KBZ
မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၄၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 5 Views
တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၄၀၀)ကျော်သေဆုံးခဲ့ ဇန်နဝါရီလ (၁၁)ရက်။ ၂၀၂၄ခုနှစ်ထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁၃)ဦး သေဆုံးခဲ့ပြီး (၃၁၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 6 Views
ဇန်နဝါရီလ (၁၁)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်တော်မြို့ပေါ်က လူနေထူထပ်တဲ့နေရာတွေဖြစ်တဲ့ ရပ်ကွက်နဲ့
မြန်မာသတင်း

ရေအားလျှပ်စစ်စီမံကိန်းတွေ ကန့်ကွက်တာတွေကြောင့် လျှပ်စစ်ဓါတ်အားလိုအပ်တာလို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 6 Views
ဇန်နဝါရီလ (၁၁)ရက်။ အကောင်အထည်ဖော်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ ကန့်ကွက်တာတွေကြောင့် လျှပ်စစ်ဓါတ်အားလိုအပ်ချက်တွေ ဖြစ်ပေါ်နေတာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မိတ္ထီလာခရီးစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်က လျှပ်စစ်ဓါတ်အား ဖြန့်ဝေတာနဲ့ပတ်သက်ပြီး ဖျက်ဆီးခံရတာတွေအပါအဝင် အချို့စက်ရုံတွေ စွမ်းအားပြည့် မလည်ပတ်နိုင်တာနဲ့
မြန်မာသတင်း

ပြင်ဦးလွင်မှာ ဧည့်စာရင်းစစ်တယ်ဆိုပြီး ငွေစုငွေချေးရုံး ဖောက်ထွင်းခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 6 Views
ဇန်နဝါရီလ (၁၁)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ ည (၁၂)နာရီခွဲခန့်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆) သစ်တောလမ်းနဲ့ ချယ်ရီလမ်းထောင့်က Alliance ငွေစုငွေချေးရုံး ဖောက်ထွင်းခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငွေစုငွေချေးရုံးကို ညစောင့်ရှိနေချိန်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရမ်းဗြဲမြို့ ကျောက်နီမော်ရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ် အရပ်သား အနည်းဆုံး (၄၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 6 Views
ဇန်နဝါရီလ (၁၁)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီခန့်က ရမ်းဗြဲမြို့ ကျောက်နီမော်ရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား အနည်းဆုံး (၄၁)ဦး သေဆုံးခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျောက်နီမော်ရွာကို အကြမ်းဖက်စစ်အုပ်စုက
မြန်မာသတင်း

(၂)ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 12 Views
ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၉)ရက်နဲ့ (၁၀)ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မနေ့က ဆောမြို့နယ် မြို့မရဲစခန်းကနေ စစ်ကောင်စီရဲတပ်သားတစ်ဦးဟာ G-3 တစ်လက်၊ ကျည် (၃၄၉)တောင့်၊
မြန်မာသတင်း

မုံရွာ နမခကနေထွက်လာတဲ့ စစ်ကောင်စီကား (၁၀)စီးပါယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 15 Views
ဇန်နဝါရီလ (၁၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မုံရွာမြို့နယ် နမခဘက်ကနေ စစ်ကောင်စီရဲ့ Jammer ကား (၃)စီးနဲ့ ရိက္ခာတင်ကား (၇)စီးကို မုံရွာ-အရာတော်လမ်းပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က နမခကနေ