နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန် ဒေါပုံရဲစခန်းက အချုပ်ခန်းဖောက်ပြေးသူတွေ ပြန်လည်ဖမ်းဆီးခံရ

ဖေဖော်ဝါရီလ (၁၁)ရက်။

ရန်ကုန်တိုင်း ဒေါပုံမြို့မရဲစခန်းကနေ အချုပ်ခန်းဖောက်ပြေးသူ အမျိုးသား (၄)ဦးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။

ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်အစောပိုင်းအချိန်က ဒေါပုံမြို့မရဲစခန်းကနေ အချုပ်ခန်းဖောက်ကာ ထွက်ပြေးသွားခဲ့သူ (၄)ဦးကို မနေ့က တရက်ကျော်အကြာမှာ ပြန်လည်ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

အချုပ်ခန်းဖောက်ပြေးသူ (၄)ဦးကို ရန်ကုန်တိုင်း လှည်းကူးမြို့၊ ထောက်ကြန့်မြို့နဲ့ ဧရာဝတီတိုင်းဘက်တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ဖမ်းဆီးရမိခဲ့တာလို့ ဖော်ပြထားပါတယ်။

ထွက်ပြေးလွတ်မြောက်ခဲ့သူ (၄)ဦးထဲ မူးယစ်ပုဒ်မ ၁၉(က)/၂၁အမှုနဲ့ ရမန်ယူကာ ချုပ်နှောင်ခံထားရသူ (၂)ဦးအပါအဝင် ရာဇသတ်ကြီးပုဒ်မ (၃၈၀)နဲ့ အမှုဖွင့်ခံထားရသူ (၂)ဦးတို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

အချုပ်ခန်းဖောက်ပြေးခဲ့သူတွေဟာ ကလေးသူငယ်တရားခံဖြစ်တဲ့ အသက်(၁၇)နှစ်အပါအဝင် (၂၀)နှစ်အရွယ်၊ (၂၄)နှစ်အရွယ်နဲ့ (၃၃)နှစ်အရွယ်တို့ဖြစ်တယ်လို့ စစ်ကောင်စီချန်နယ်တွေက ပြောဆိုထားပါတယ်။

သူတို့တွေဟာ အမျိုးသားအချုပ်ခန်းရဲ့ သံတိုင်ကို သံဖြတ်လွှနဲ့ဖြတ်ကာ အချုပ်ခန်းအနောက်ဘက် လေဝင်ပေါက်ရှိ သံဇကာကိုဖြုတ်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။

အခုလို အချုပ်ခန်းဖောက်ပြီး ထွက်ပြေးတဲ့ဖြစ်စဉ်မှာ ပြန်လည်ဖမ်းမိခဲ့ပြီး နောက်ဆက်တွဲအခြေအနေတွေကို‌တော့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂန့်ဂေါမြို့မှာ စစ်ကောင်စီစစ်ကြောင်းက ကလေးငယ်တွေအပါအဝင် အရပ်သား (၁၁)ဦးကို သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 3 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၁)နာရီခန့်က ဂန့်ဂေါမြို့တောင်ပိုင်း လယ်မကျေးရွာကို ခလရ(၅၀)နဲ့ အမြောက်တပ်က အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက
မြန်မာသတင်း

ချင်းတပ်ဖွဲ့တွေပူးပေါင်းပြီး Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 8 Views
မေလ (၁၂)ရက်။ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေပေါင်းစည်းကာ Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းနိုင်ဖို့ သဘောတူခဲ့တယ်လို့ ချင်းညီနောင်(CB)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဒီပဲယင်းရှိ စာသင်ကျောင်း ဗုံးကြဲခံရပြီး ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 17 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ဒီပဲယင်းမြို့အနောက်ဘက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက်(၉)နာရီ (၄၀)လောက်မှာ ဒီပဲယင်းအနောက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို
မြန်မာသတင်း

ရွှေကျင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 18 Views
စစ်ကောင်စီဘက်က တပ်ရင်မှူးအပါအဝင် အရာရှိတွေနဲ့ တပ်သား (၅၀)ခန့် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြ မေလ (၁၂)ရက်။ မေလ (၈)ရက်နေ့က ရွှေကျင်မြို့ ညောက်ခြေထောက်ရွာရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြန်မာစစ်တပ်က နိုင်ငံတကာစစ်တပ်တွေနဲ့အတူ အဆင့်မီတဲ့စစ်တပ်ဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 14 Views
မေလ (၁၂)ရက်။ မြန်မာစစ်တပ်က နိုင်ငံတကာစစ်တပ်တွေနဲ့အတူ အဆင့်မီတဲ့စစ်တပ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ရုရှားကနေပြန်လာချိန် ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာ့တပ်မတော်ဟာ နံပါတ်တစ် နိုင်ငံတကာတပ်မတော်တွေနဲ့အညီ ရင်ပေါင်တန်းနိုင်တဲ့ တပ်မတော်ဖြစ်တယ်။ နိုင်ငံတကာတပ်မတော်တွေနဲ့အတူ အဆင့်မီ
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော် အာရှ

ဝါးလုံးခေါင်းထဲလသာနေတဲ့ မြန်မာစိတ်ဓာတ်နဲ့ မြန်မာအတွေးအခေါ်

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 30 Views
++++++++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ကျွန်တော်တို့ မြန်မာတွေ အတွေးအခေါ်တွေချို့တဲ့၊ ဗဟုသုတလည်းခေါင်းပါး၊ စိတ်ဓါတ်ရေးရာတွေ အောက်တန်းကျ ကိုယ်မသိတာနဲ့ သိသယောင် တတ်သယောင် ဂဃနဏသိတဲ့သူတွေ တင်ပြတာကို ကိုယ့်ဝါးလုံးခေါင်းထဲက အတွေးလေးနဲ့ တိုင်းတာပြီး မိုက်ရိုင်းစွာ ဆဲရေးတာကို တွေ့လိုက်ရတယ်။ ဂျပန်နိုင်ငံ၊
မြန်မာသတင်း

သပိတ်ကျင်းမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 23 Views
မေလ (၁၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီ (၁၀)မိနစ်အချိန်က သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ နေ့လယ် (၁)နာရီ (၁၀)မိနစ်လောက်မှာ သပိတ်ကျင်း ဇရပ်ကွင်းရွာက ကောင်းကင်မေမေ ကားဝပ်ရှော့ကို
မြန်မာသတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆက်လက်ကူညီမယ်လို့ တရုတ်သမ္မတပြော

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 40 Views
မေလ (၁၀)ရက်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဆက်လက်ကူညီပေးသွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့က မော်စကိုမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့