ဇန်နဝါရီလ (၁၃)ရက်။
ကျိုက်မရောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ရဲစခန်း(၂)ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ NMSP-AD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ (၁၀)ရက်နေ့က ကဒါကျေးရွာရဲစခန်းနဲ့ မနေ့က (၁၂)ရက်နေ့မှာ တောင်ကလေးရွာရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာပါ။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံတာတွေ ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကဒါကျေးရွာရဲစခန်းကို ဇန်နဝါရီလ (၁၀)ရက်နေ့နဲ့ တောင်ကလေးရွာရဲစခန်းကို ဇန်နဝါရီလ (၁၂)ရက်နေ့တို့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲခံရတာကြောင့် ကဒါကျေးရွာရဲစခန်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးသေဆုံးကာ (၆)ဦး ဒဏ်ရာရရှိခဲ့သလို တောင်ကလေးရွာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ကျိုက်မရောမြို့နယ်ရှိ ကဒါကျေးရွာရဲစခန်းနဲ့ တောင်ကလေးကျေးရွာရဲစခန်းတို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြေကုပ်ယူထားကာ NMSP-AD ရဲ့ ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။