နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

KIA ရဲ့ တပ်မဟာ(၁၁) လက်မောင်းတပ်တံဆိပ်ကို အတည်ပြုသတ်မှတ်

ဇန်နဝါရီလ (၁၄)ရက်။

ရွှေလီမြစ်ဝှမ်းတလျှောက်ကို နယ်မြေသတ်မှတ်ထားတဲ့ KIA တပ်မဟာ (၁၁)ရဲ့ လက်မောင်းတပ်တံဆိပ်ကို KIC ရုံးက အတည်ပြုပေးလိုက်တယ်လို့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ တပ်မဟာ(၁၁)ရဲ့ လက်မောင်းတပ်တံဆိပ် အဓိပ္ပါယ်က ကချင်နဲ့ ရှမ်းလူမျိုးတွေက ကျွဲ/နွားကို အဓိကထားပြီး အသက်မွေးဝမ်းကြောင်းအတွက် အသုံးပြုကာ တန်ဖိုးထားတာကို ဖော်ညွှန်းထားတာပါ။ နောက်ခံအနီရောင်ကတော့ ရဲရင့်တာကို ဆိုလိုတာ။ ပြီးတော့ အစိမ်းရောင်က စိန်းလန်းစိုပြေပြီး သာယာလှပတဲ့ဒေသကို ဆိုလိုတာ” လို့ ဆိုပါတယ်။

KIA ရဲ့ တပ်မဟာ (၁၁)ကို ပြီးခဲ့တဲ့နှစ် ဇွန်လ (၁၄)ရက်နေ့က ကချင်နယ်စပ် နောင်မွန်ကျေးရွာမှာ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး လက်မောင်းတပ်တံဆိပ်ကို ကျွဲ/နွားပုံသဏ္ဍာန်နဲ့ နောက်ခံ အနီရောင်နဲ့ အစိမ်းရောင်တို့ အသုံးပြုထားပါတယ်။

တပ်မဟာ (၁၁)ဟာ ရှမ်းမြောက်နဲ့ ကချင်နယ်စပ်တကြောရှိ ရွှေလီမြစ်ဝှမ်းဒေသကို တာဝန်ယူ အုပ်ချုပ်သွားမှာဖြစ်ပြီး သိမ်းပိုက်ရရှိထားတဲ့ မန့်ဝိန်းကြီး၊ မဘိမ်းနဲ့ ရွှေကူဒေသအထိ ပါဝင်တယ်လို့ သိရပါတယ်။

နောက်ပြီး အရင် KIA အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ (၃)ရဲ့ တပ်ရင်း (၁၂)နဲ့ (၂၇)တို့ကိုလဲ တပ်မဟာ (၁၁)လက်အောက်အနေနဲ့ ပြောင်းလဲဖွဲ့စည်းထားတယ်လို့ ပြောဆိုထားပါတယ်။

ကချင်ပြည်နယ်ထဲ စစ်ကောင်စီကို တိုက်ခိုက်ကာ အောင်ပွဲရနေတဲ့ KIA အနေနဲ့ ရှမ်းမြောက်မှာတော့ မဟာမိတ်အဖွဲ့အချို့နဲ့ နယ်မြေအငြင်းပွားတာတွေနဲ့ စစ်ရေး နိုင်ငံရေး ဖိအားပေးတာတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထိန်းချုပ်နယ်မြေတွေမှာ အစိုးရရုံးဖွင့်ဖို့ စီစဉ်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 4 Views
ဇန်နဝါရီလ (၁၄)ရက်။ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဝန်ကြီးဌာနရုံးတွေ ဖွင့်လှစ်အခြေစိုက်ဖို့ စီစဉ်နေတယ်လို့ NUG သမ္မတရုံးရဲ့ ပြောခွင့်ရ ဦးကျော်ဇောရဲ့ ထုတ်ပြန်ပြောဆိုထားချက်တွေအရ
မြန်မာသတင်း

ရွှေဘိုထောင်က လွတ်ရက်စေ့ပြီး လွတ်လာတဲ့ နိုင်/ကျဉ်းတွေ ပြန်လည်ဖမ်းဆီးခံနေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 4 Views
ဇန်နဝါရီလ (၁၄)ရက်။ ရွှေဘိုထောင်ကနေ လွတ်ရက်စေ့ပြီး လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီရဲ့ ရွှေဘိုမြို့မရဲစခန်းက ပြန်လည်ဖမ်းဆီးနေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရှမ်းတောင်ကနေ ရန်ကုန်ကို သယ်ဆောင်ရောင်းဝယ်တဲ့ စိတ်ကြွဆေးပြား (၇)သိန်းဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 13 Views
ဇန်နဝါရီလ (၁၄)ရက်။ ရှမ်းပြည်(တောင်ပိုင်း)ကနေ ရန်ကုန်တိုင်းကို သယ်ဆောင်ရောင်းဝယ်တဲ့ ကျပ်သိန်း(၆၅၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၇)သိန်းကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၄)ရက်နေ့က တောင်လေးလုံးအရွာအနီး တောင်ကြီးကနေ အောင်ပန်းဘက်ကို မောင်းလာတဲ့ Mark
မြန်မာသတင်း

အခုလ နှစ်ပတ်တာထဲ စစ်ကောင်စီတပ်သားနဲ့ ရဲ (၂၉)ဦး အလင်းဝင်လာတယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 9 Views
ဇန်နဝါရီလ (၁၄)ရက်။ အခုလ ပထမနှစ်ပတ်တာထဲ စစ်ကောင်စီဘက်က တပ်သားနဲ့ ရဲ (၂၉)ဦး အလင်းဝင်လာခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂)ရက်၊ (၆)ရက်နဲ့ (၉)ရက်တို့မှာ ဆောမြို့မရဲစခန်းက ရဲတပ်သား
မြန်မာသတင်း

ကျိုက်မရောမြို့နယ်ရှိ စစ်ကောင်စီရဲစခန်းအချို့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 21 Views
ဇန်နဝါရီလ (၁၃)ရက်။ ကျိုက်မရောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ရဲစခန်း(၂)ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ NMSP-AD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၀)ရက်နေ့က ကဒါကျေးရွာရဲစခန်းနဲ့ မနေ့က (၁၂)ရက်နေ့မှာ တောင်ကလေးရွာရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာပါ။
မြန်မာသတင်း

တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ စီးနင်းတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 14 Views
ဇန်နဝါရီလ (၁၃)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က တောင်သာမြိ့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တောင်သာမြို့ပေါ် အထက(၁)ဝင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၁)ဦးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ကျောင်းသားတွေကို ဘေးလွတ်ရာ
မြန်မာသတင်း

ဖားကန့်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သားအများအပြား ထိခိုက်သေဆုံးတာတွေရှိ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 25 Views
ဇန်နဝါရီလ (၁၃)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က ဖားကန့်မြို့ လုံးခင်းအုပ်စုထဲက ‌ကျောက်မျက်တူးဖော်တဲ့ မြေစာပုံနေရာအချို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ လုံးခင်းထဲက ဆန်ခါရွာထဲနဲ့ အနီးက ကျောက်မျက်တူးဖော်ရေးလုပ်ကွက် မြေစာပုံနေရာတွေကို စကစက
မြန်မာသတင်း

စစ်ကိုင်းတပ်မဟာမှာ ပါဝင်ကြဖို့ MDY-PDF ဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 28 Views
ဇန်နဝါရီလ (၁၃)ရက်။ စစ်ကိုင်းတပ်မဟာမှာ ပါဝင်ပြီး တစ်နိုင်ငံလုံး လွတ်မြောက်ဖို့အတွက် အတူရုန်းကန်လှုပ်ရှားကြဖို့ MDY-PDF ရဲ့ ဒီကနေ့မှာ ဖိတ်ခေါ်ထားချက်အရ သိရပါတယ်။ “ မြေပြန့်ဒေသ လွတ်မြောက်ရေးမှသည် တစ်နိုင်ငံလုံး လွတ်မြောက်ရေးဆီသို့” ဆိုကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY-PDF)က စစ်ကိုင်းတပ်မဟာထဲ