နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်စေဖို့ အပစ်ရပ် (၇)ဖွဲ့ ဆွေးနွေး

ဇန်နဝါရီလ (၁၅)ရက်။

သက်ဆိုင်သူ‌တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေဖို့ အပစ်ရပ်(၇)ဖွဲ့က မနေ့က ဦးဆောင်အဖွဲ့အစည်းအဝေးတရပ်ကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီအစည်းအဝေးထဲ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ ပြည်သူတွေ နေ့တိုင်းကြုံနေရတဲ့ လူမှုဒုက္ခမျိုးစုံကို သုံးသပ်ခဲ့ပြီး နိုင်ငံရေးအကြပ်အတည်းက လွန်မြောက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ခုနှစ်ထဲ ဖြစ်ပေါ်လာနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရှိနိုင်ဖို့ကိုလဲ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ဖို့အပါအဝင် EAO တွေထဲ coordination နဲ့ cooperation ပိုမိုရရှိစေဖို့နဲ့ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်တဲ့လုပ်ငန်းစဉ်တွေ တိုးမြှင့်ဆောင်ရွက်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

အပစ်ရပ် (၇)ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးကို သဘာပတိအနေနဲ့ အဖွဲ့ခေါ‌င်း‌ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်အပါအဝင် အဖွဲ့ဝင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ လုပ်ငန်းကော်မတီတွေ စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအဖွဲ့မှာ RCSS၊ NMSP၊ ALP၊ PNLO၊ LDU၊ DKBA နဲ့ KNU/KNLA-PC တို့ပါဝင်ကာ အပစ်ရပ် (၇)ဖွဲ့ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 18 Views
စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန် ဒီဇင်ဘာလ (၂၄)ရက်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့
မြန်မာသတင်း

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 19 Views
ဒီဇင်ဘာလ (၂၄)ရက်။ အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာမျက်နှာကို Facebook က ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 23 Views
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားထဲက ကပစ(၂၄) ရရှိဖို့ ကြိုးပမ်းနေတယ်လို့ဆို ဒီဇင်ဘာလ (၂၄)ရက်။ မြိုင်နယ်ထဲ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းနိုင်ဖို့ အဖွဲ့အသီးသီးကို စေလွှတ်ထားပြီးဖြစ်တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်က
မြန်မာသတင်း

ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲထဲ စစ်တပ်ဘက်က (၁၂)ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 20 Views
ဒီဇင်ဘာလ (၂၄)ရက်။ ဒီဇင်ဘာလ (၉)ရက်နေ့ကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ နံနက်ပိုင်းကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စခစစ်ကြောင်းနဲ့
မြန်မာသတင်း

NUG ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို သင်ခန်းစာယူဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကို ယာယီသမ္မတ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 20 Views
ဒီဇင်ဘာလ (၂၄)ရက်။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအနေနဲ့ NUG ရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာယူဖို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရကို အထူးတိုက်တွန်းလိုတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်မြင်မှုတွေနဲ့
မြန်မာသတင်း

အောက်တွင်ဖော်ပြထားသောဆောင်းပါးမှာ ချင်းမိုင်တက္ကသိုလ်၊ နယ်စပ်လုံခြုံရေးရာစီမံကိန်း (Border Security Affairs Project) မှ တင်ပြထားသည့် သဘောထားအမြင်ဆောင်းပါး၏ မြန်မာဘာသာ ပြန်ဖြစ် ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 19 Views
မြန်မာနိုင်ငံ၏ ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲ ရလဒ်အပေါ် ထိုင်းနိုင်ငံ၏ လုံခြုံရေး အဘယ်ကြောင့် မူတည်နေသနည်း The Nation –၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ သောကြာနေ့ စစ်ဘေးရှောင်များအတွက် ကုန်ကျစရိတ်။- ရွေးကောက်ပွဲရလဒ်သည်
မြန်မာသတင်း

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် ရထားသံလမ်းဖြတ်ကူးသည့် ဆင် ၇ ကောင်အား အမြန်ရထားတိုက်မိ၍ သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 31 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ဂူဝါဟာတီ၊ အိန္ဒိယနိုင်ငံ (AP) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် စနေနေ့အစောပိုင်းက ရထားသံလမ်းကို ဖြတ်ကူးနေသည့် ဆင်အုပ်အား အရှိန်ပြင်းစွာ မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စီးက တိုက်မိခဲ့ရာ
မြန်မာသတင်း

ရန်ကုန် လှည်းကူးမှာ လုငယ်တွေကို ပေါ်တာဆွဲဖို့လူစုနေတဲ့ စစ်တပ်လက်ပါးစေတွေ ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 41 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီကနေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က လှည်းကူးမြို့ ကျောက်အိုင်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လှည်းကူး ကျောက်အိုင်ရွာ က အုပ်ချုပ်ရေးမှူးရုံးမှာ စခလက်ပါးစေ အုပ်ကြီးနဲ့