နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထရန့်နှင့် ရှီသည် ယခုနှစ်တွင် တွေ့ဆုံနိုင်ခြေ မြင့်မားဟု ရူဘီယိုက ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ၊ ဇူလိုင် ၁၁ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်တို့သည် ယခုနှစ်အတွင်း တွေ့ဆုံရန် ဖြစ်နိုင်ခြေ မြင့်မားသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သောကြာနေ့တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ သောကြာနေ့က စုဝေးရောက်ရှိနေတဲ့ ရူဘီယိုက “တွေ့ဖို့အလားအလာ များတယ်” ဟု ပြောခဲ့သည်။ “နှစ်ဖက်စလုံးက အဲဒါကို မြင်ချင်တယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။

အလားအလာရှိသော တွေ့ဆုံမှုများအတွက် ရက်ချိန်းမပေးနိုင်သေးကြောင်း ရူဘီယိုက ပြောကြားသော်လည်း “နှစ်ဘက်စလုံးတွင် ထိုသို့ ပြုလုပ်ရန် ပြင်းပြသော ဆန္ဒရှိပါသည်” ဟု ပြောကြားခဲ့သည်။ ခိုင်မာသောတွေ့ဆုံနိုင်မှုများကို ရရှိနိုင်စေရန် ယင်းအစည်းအဝေးမတိုင်မီ “မှန်ကန်သောဝန်းကျင်အခြေအနေ” ကို တည်ဆောက်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ရူဘီယိုနှင့် ဝမ်ယီတို့ နှစ်ဦးစလုံးသည် ယခုသီတင်းပတ်အတွင်း မလေးရှားနိုင်ငံမြို့တော်၌ ဒေသတွင်းအစည်းအဝေးများကို တက်ရောက်ခဲ့ကြပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (သို့) အာဆီယံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ရုရှား၊ ဂျပန်၊ တောင်ကိုရီးယားနှင့် သြစတြေးလျတို့အပါအဝင် ဒေသတွင်းမိတ်ဖက်များနှင့်အတူ တွေ့ဆုံခဲ့ကြသည်။

အမေရိကန်နှင့်တရုတ်တို့သည် ထရန့်သမတပြန်ဖြစ်လာပြီးနောက် နှစ်နိုင်ငံကုန်သွယ်ရေး ဆက်ဆံမှုများအကြား ယခုနှစ်တွင် အမေရိကန်သမတ၏ ကုန်သွယ်ရေးစစ်ပွဲကို ကမ္ဘာအနှံ့ ဆင်နွဲခဲ့ပြီး ထုတ်ကုန်တင်ပို့မှုများထိန်းချုပ်ရန်ကြိုးစားသဖြင့် ဝရုန်း သုန်းကား ဖြစ်လာခဲ့ပြီး တရုတ်နှင့် အခွန်စည်းကြပ်မှုများကို ပါးကိုက်နားကိုက် အပြန်အလှန် သတ်မှတ်၍ အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြပြီးနောက် ပြန်လည်လျှော့ချခဲ့ကြပြီး ဝရုန်းသုန်းကားဖြစ်နေမှုကို ကျော်လွှား နိုင်ခဲ့ ကြသည်။

ပြီးခဲ့သည့်လက လန်ဒန်တွင် စေ့စပ်ညှိနှိုင်းသူများကြား ကုန်သွယ်ရေးဆိုင်ရာ မူဘောင်တစ်ရပ်ကို နှစ်ဖက်သဘောတူခဲ့ပြီး တင်းမာမှုများ ပြေလျော့သွားကာ လာမည့်သီတင်းပတ်များအတွင်း ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ရန် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့် (Scott Bessent) က ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။ မေလတွင် နှစ်ဘက်ကြား ဆွေးနွေးခဲ့သည့် ရက် ၉၀ ကြာ ခေတ္တရပ်နားထားမှုသည် သြဂုတ်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

တရုတ်တာဝန်ရှိသူများက အမေရိကန်၏ အခွန်စည်းကြပ်မှုကို ရှုတ်ချပြီး အမေရိကန်သည် တရုတ် အကျိုးစီးပွားကိုထိခိုက်စေရန် အခြားကုန်သွယ်ဖက်များနှင့် သဘောတူညီချက်များ ရယူပါက လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး၊ တရုတ်နိုင်ငံသည် ၎င်း၏ စီးပွားရေးကို လည်မြိုညှစ်ရန် နည်းလမ်းအဖြစ် အမေရိကန်က အခြားနိုင်ငံများနှင့် သဘောတူညီချက်များကို ရရှိရန် အသုံးပြုနေသည်ဟု တရုတ်နိုင်ငံက မြင်ခဲ့သည်။

သို့သော် ဝမ် နှင့် ရူဘီယိုတို့ အကြား တွေ့ဆုံမှုသည် အပြုသဘောဆောင်သော လေသံအဖြစ် ပေါ်လာကာ ၎င်းတို့ကြား ကွဲလွဲမှုများထက် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် ခြေလှမ်း တရပ် ဖြစ်ကြောင်း နှစ်ဖက်စလုံးက အချက်ပြခဲ့သည်။

သောကြာနေ့တွင်၊ ရူဘီယို က ဝမ် နှင့်တွေ့ဆုံရာတွင် နှစ်ဘက်ပူးပေါင်း လုပ်ဆောင်ရမည့် နေရာများကို ဖော်ထုတ်ရန် အခွင့်အရေးပေးခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော်သူက မည်သည့်နေရာများသည် ပူးပေါင်းဆောင်ရွက်နိုင်မည့် နေရာများဖြစ်ကြောင်း အသေးစိတ် ပြောကြားခဲ့ခြင်း မရှိခဲ့ပါ။

“ ဒါဟာ ကျွန်တော်တို့ရဲ့ သတင်းစကားပါပဲ၊ မဟာဗျူဟာမြောက် တည်ငြိမ်မှုကို ရရှိဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ရေးနဲ့ အလုပ်လုပ်တဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်တဲ့ နယ်ပယ်တွေကို ဖော်ထုတ်ပြီး မဟာဗျူဟာမြောက် တည်ငြိမ်မှုကို ရရှိဖို့ အခွင့်အရေး တစ်ခုပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ရူဘီယို က မီဒီယာကို ပြောပြီးနောက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့ အစည်းအဝေးကို “အကောင်းမြင်သဘောပြသလို လက်တွေ့ကျပြီး အပြုသဘောဆောင်တယ်” ဟု ပြောခဲ့ပါသည်။

နှစ်ဖက်စလုံးက “သံတမန်လမ်းကြောင်းများနှင့် နယ်ပယ်အားလုံး၏အဆင့်တိုင်းတွင် ဆက်သွယ်ရေးနှင့် ဆွေးနွေးပွဲများ အားကောင်းရန် သဘောတူညီခဲ့ကြသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝမ်က တရုတ်နိုင်ငံအား “ ရည်ရွယ်ချက်၊ ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျသော သဘောထား” ဖြင့် “ တန်းတူ” ဆက်ဆံရန် ဝါရှင်တန်ကို ထပ်လောင်းတောင်းဆိုထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နှင့် တရုတ်တို့သည် ကုန်သွယ်ရေး သဘောထားကွဲလွဲမှုများ လမ်းကြောင်းပေါ်နှင့် အာရှတွင် သြဇာလွှမ်းမိုးရန် ပြိုင်ဆိုင်နေကြစဉ် အမေရိကန် ထိပ်တန်း သံတမန်နှင့် တဖက် ပြိုင်ဖက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ သည် ကွာလာလမ်ပူတွင် သောကြာနေ့က တွေ့ဆုံခဲ့သည်။

အကြမ်းဖျင်းအားဖြင့် တစ်နာရီကြာ အစည်းအဝေးသည် အလွန်အပြုသဘောဆောင်ပြီး အပေါင်းလက္ခဏာဆောင်သည်ဟု ရူဘီယို က ဒေသစံတော်ချိန် သောကြာနေ့ ညနေတွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ ကြီးမားတဲ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်ပြီး၊ ကျွန်တော်တို့ကြားမှာ သဘောမတူတဲ့ ပြဿနာတွေ အမြဲရှိနေမှာပါ” ဟု ရူဘီယိုက ပြောကြားပြီး “ ဒါဟာ (က) အလွန်အပြုသဘောဆောင်တဲ့၊ အပေါင်းလက္ခဏာဆောင်တဲ့ တွေ့ဆုံမှုလို့ ကျွန်တော် ထင်မြင်ယူဆခဲ့ပါတယ် ၊ နောက်ပြီး လုပ်စရာတွေလဲ အများကြီး ရှိနေပါတယ်။”

ထရန့်၏ကုန်သွယ်ရေးစစ်ပွဲတွင် ဝါရှင်တန် ၏ထိပ်တန်းသံတမန်အဖြစ် ရူဘီယို၏ ပထမဆုံး အာရှခရီးစဉ်အတွက် ရှုပ်ထွေးသည့်ကိစ္စများ ထပ်ဆင့်ဖြစ်လာခဲ့သည်။ မကြာသေးမီ ရက်ပိုင်း အတွင်းက အမေရိကန်သည် တစ်လအတွင်း ၎င်းတို့ရင်ဆိုင်ရမည့် အကောက်ခွန်နှုန်းထားများ ကို နိုင်ငံအများအပြားထံ စာများပေးပို့ပြီး အမေရိကန်နှင့် ကုန်သွယ်မှု သဘောတူညီချက်များ ကို ရရှိအောင် မညှိနှိုင်းနိုင်ပါက တစ်လမပြည့်မီအချိန်အတွင်း အခွန်တိုးကောက်မှုကို ကြုံတွေ့ ရမည်ဖြစ်သည်။

တောင်ကိုးရီးယားနှင့် ဂျပန်တို့နှင့်အတူ အာဆီယံ ၁၀ နိုင်ငံထဲမှ ရှစ်နိုင်ငံသည် အခွန်နှုန်းထား ညှိနှိုင်းအကောင်အထည်ဖော်မှု နောက်ဆုံးရက်ကျော်လွန်သွားခဲ့ပါက ဩဂုတ်လ ၁ ရက်နေ့တွင် အမေရိကန်ထံမှ အခွန်စည်းကြပ်ခြင်း ခံရမည်ဖြစ်သည်။

ယင်းသည် ဒေသတွင်းတွင် တည်ငြိမ်သည့် စီးပွားရေးမိတ်ဖက်အဖြစ် တရုတ်နိုင်ငံက ဆက်လက်တည်ရှိနေတယ်ဆိုသည့် သတင်းစကား ပရောဂျက်ကို ထုတ်ပြရန် ကြိုးစားနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီအတွက် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးခဲ့ပါသည်။ ကြာသပတေးနေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံသည် အာဆီယံဒေသတွင်း သံခင်းတမန်ခင်းရေးရာအတွက် “ဦးစားပေး” အဖြစ် အမြဲတမ်း ရှုမြင်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အဓိကစီးပွားရေးမိတ်ဖက်ဖြစ်သော်လည်း တောင်တရုတ်ပင်လယ်တွင် ကျူးကျော်ရန်စမှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများနှင့်လည်း သဘောထား ကွဲလွဲ နေပြီး၊ ဒေသတွင်းတွင် အကာအကွယ်ပေးရန် ဝါရှင်တန်၏ ကတိကဝတ်ရှိနေကြောင်းကို ပြသရန် ရူဘီယို၏ ခရီးစဉ်ထဲတွင် အမေရိကန်အစိုးရ တာဝန်ရှိသူများက နေရာယူထားသည်။

“နိုင်ငံခြားရေးဝန်ကြီးအဖြစ် သူ့ရဲ့ ပထမဆုံး အာရှခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးရူဘီယိုဟာ လွတ်လပ်ပွင့်လင်းပြီး လုံခြုံတဲ့ အင်ဒို-ပစိဖိတ်ဒေသကို မြှင့်တင်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုဖို့ အာရုံစိုက်ထားပါတယ်” ဟု နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တင်မီ ဘရုစ် (Tammy Bruce) က ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

သောကြာနေ့တွင် ရူဘီယိုသည် အမေရိကန်၏ အခွန်စည်းကြပ်မှုသည် ဒေသတွင်းတွင် တရုတ်နိုင်ငံအတွက် စီးပွားရေးအရ အခွင့်အလမ်းဖန်တီးပေးနိုင်သည်ဟူသော အယူအဆကို ပြန်လည်တွန်းလှန်ခဲ့ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း စုပြုံနေသည့် နိုင်ငံများနှင့် ကြီးမားသောကုန်သွယ်ရေးမညီမျှမှုများကို ဖြေရှင်းရန် ဝါရှင်တန်က ကတိပြုထားကြောင်း ပြောကြားခဲ့သည်။

“ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနီးပါးနဲ့ အခွန်စည်းကြပ်မှုအဆင့်ကို ကျွန်တော်တို့ ပြန်လည် သတ်မှတ်နေပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန် သန်းခေါင်စာရင်းဗျူရို၏ အချက်အလက်များအရ ယမန်နှစ်တွင် အမေရိကန်သည် တရုတ်နှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၉၅ ဘီလီယံအထိ ရှိခဲ့သည်။

“ နိုင်ငံတွေက နိုင်ငံပေါင်းစုံနဲ့ ကုန်သွယ်မှုပြုတော့မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ဘယ်သူ့အတွက်ကိုမှ တံခါးဖွင့်မှုလို့ မမြင်ပါဘူး။ အဲဒီလို ကျွန်တော်တို့ မမြင်ပါဘူး။ ဆယ်စုနှစ် နှစ်ခု သုံးခုလောက် မမျှတမှုတွေကြောင့် အမေရိကန်တွေအတွက် တရားမျှတတဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ပြန်လည်သတ်မှတ်ဖို့ အခွင့်အရေးတစ်ခုလို့ ကျွန်တော် ရှုမြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

တိုကျိုသည် အခွန်သစ်များ ကောက်ခံမည့် အလားအလာနှင့် ရင်ဆိုင်နေရသောကြောင့် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် ရှီဂဲရုအစ်ရှီဘာ (Shigeru Ishiba) က မကြာသေးမီ ရက်ပိုင်း အတွင်းက ၎င်း၏ နိုင်ငံသည် အမေရိကန်အပေါ် အထူးသဖြင့် လုံခြုံရေးကို အားကိုးအားထား ပြုနေခြင်းမှ ကင်းဝေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ရူဘီယိုက တက်ကြွသော အမေရိကန်-ဂျပန် စစ်ရေးလေ့ကျင့်မှုအား ယခုလို လှုပ်ရှားမှုသည် အပြုသဘောဆောင်သည် ဟု မယူဆမီတွင် ထောက်ပြခဲ့သည်။

“ဂျပန်စစ်တပ်က ပိုစွမ်းဆောင်နိုင်မယ်ဆိုတဲ့ အယူအဆဟာ ကျွန်တော်တို့ စိတ်အနှောင့် အယှက် ဖြစ်ရမယ့် အရာမဟုတ်ပါဘူး၊ ဒါဟာ ကျွန်တော်တို့ အမှန်တကယ် အားပေးရမယ့် အရာပါပဲ” ဟု ရူဘီယိုက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဖောင်းပြင်မြို့ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းနဲ့ အကြိမ်(၅၀)ထက်မနည်း တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 12 Views
ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်ကစပြီး ည (၁၀)နာရီကျော်အချိန်အထိ ဖောင်းပြင်မြို့ရှိ
မြန်မာသတင်း

ရွာငံတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဗိုလ်(၁)ဦးအပါအဝင် (၁၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 13 Views
တိုက်ပွဲထဲ ပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့် စစ်ရေးရည်မှန်းချက်တွေ မလုပ်ဆောင်နိုင်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ရွာငံမြို့ ကျောက်ငှက်-အုတ်တွင်းလမ်းပိုင်းမှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ Danu PDF(၁၀၀၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ကို
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်ဆိုပြီး စစ်ကော်မရှင်ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်လို့ မနေ့က စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာ စစ်ကော်မရှင်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို မပို့ခင် စုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေကို တွေ့ရတာကြောင့်
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့ ပြည်သူတွေအနေနဲ့
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 32 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “