နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပသုံးလုံး ပြုပြင်ပြောင်းလဲရေး လက်မနှေးဖို့ ယာယီသမ္မတပြော

ဇန်နဝါရီလ (၁၅)ရက်။

ပသုံးလုံး ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ရာမှာ လက်မနှေးဘဲ အလုပ်ဖြစ်ရုံထက် ပိုသင့်တယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ မနေ့က ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လဲမနှေးသင့်သလို အလုပ်ဖြစ်ရုံသာ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လဲ ပိုသင့်တယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

လူထုထောက်ခံမှုနဲ့ ယုံကြည်မှုကို ခိုင်ခိုင်မာမာရရှိဖို့အတွက် တိုက်ရိုက်ထိတွေ့နေရတဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ကျင့်ဝတ်က အထူးအရေးကြီးတဲ့ကိစ္စဖြစ်တယ်လို့ ယာယီသမ္မတက အသိပေးထားပါတယ်။

ဒါ့ကြောင့် ပသုံးလုံးယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တတ် ဖြောင့်မတ်ဖို့က အင်မတန် အရေးကြီးတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

နောက်ပြီး တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစုဖြစ်ဖို့ လိုအပ်တယ်လို့လဲ ဆက်‌ပြောပါတယ်။

ဒါ့အပြင် မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်ပြီး ထက်မြက်တဲ့ လူပုဂ္ဂိုလ်တွေကို အစိုးရအဖွဲ့ထဲ အားသစ်လောင်းဖြည့်ဆည်းကာ ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ ယာယီသမ္မတက ပြောဆိုခဲ့ပါတယ်။

အခုနှစ်ဟာ NUG အစိုးရအဖွဲ့အနေနဲ့ အပြောင်းအလဲတွေ များမယ့်နှစ်ဖြစ်ပြီး နည်းနာပိုင်းနဲ့ ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်တာဖြစ်တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ အငှားယာဉ်မောင်းတစ်ဦး ဓါးဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 1 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ည (၉)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှာ အငှားယာဉ်မောင်း အမျိုးသားတစ်ဦး ဓါးဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

ဖားကန့်မှာ ရွှံ့နွံကန်ပြိုကျတဲ့ဖြစ်စဉ်ထဲ သေဆုံးသူ (၃၁)ဦးအထိရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 1 Views
ဇန်နဝါရီလ (၁၆)ရက်။ ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စုရှိ စပေါ့ကျေးရွာအနီး ရွှံ့နွံကန်ပြိုကျတဲ့ဖြစ်စဉ်ထဲ သေဆုံးသူ (၃၁)ဦးအထိရှိခဲ့တယ်လို့ မြေပြင်ကူညီပေးနေတဲ့ လူမှုကုညီရေးအဖွဲ့တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ
မြန်မာသတင်း

ကော့ကရိတ်မြို့မှာ စစ်ကောင်စီဒရုန်းကြောင့် အရပ်သားတစ်ဦး သေ‌ဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 1 Views
ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့က ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကမိုင်ကုန်းကျေးရွာကို ဒရုန်းဗူံတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မောင်းမရွာအုပ်စု ကမိုင်ကုန်းရွာကို စကစက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
မြန်မာသတင်း

ပုံနှိပ်ထုတ်ဝေသူတွေ ဥပဒေဖောက်ဖျက်ရင် တရားစွဲမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 3 Views
ဇန်နဝါရီလ (၁၆)ရက်။ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေအနေနဲ့ ဥပဒေစည်းကမ်းချက်တွေ ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ တရားစွဲမယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုံနှိပ်တာနဲ့ ထုတ်ဝေတဲ့လုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ထုတ်ဝေစာတွေကို ဖတ်ရှုလေ့လာစိစစ်ပြီး ကြပ်မတ်စိစစ်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဆိုပါတယ်။
မြန်မာသတင်း

မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆)ဦး ပွဲချင်းပြီးသေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 1 Views
ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့ ည(၉)နာရီခွဲကျော်အချိန်က မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ နမခတိုင်းစစ်ဌာနချုပ်ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာအခြေစိုက်
မြန်မာသတင်း

မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆)ဦး ပွဲချင်းပြီးသေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 7 Views
ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့ ည(၉)နာရီခွဲကျော်အချိန်က မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ နမခတိုင်းစစ်ဌာနချုပ်ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာအခြေစိုက်
မြန်မာသတင်း

ပုလောမြို့ ပါဒစက်တော်ရာဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးသေဆုံးပြီး (၈)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 15 Views
ဇန်နဝါရီလ (၁၅)ရက်။ ဇန်နဝါရီလ (၉)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ပုလောမြို့နယ်ရှိ ပါဒစက်တော်ရာဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပုလော PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပါဒစက်တော်ရာဘုရားမှာ တပ်စွဲထားတဲ့
မြန်မာသတင်း

နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်စေဖို့ အပစ်ရပ် (၇)ဖွဲ့ ဆွေးနွေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 13 Views
ဇန်နဝါရီလ (၁၅)ရက်။ သက်ဆိုင်သူ‌တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေဖို့ အပစ်ရပ်(၇)ဖွဲ့က မနေ့က ဦးဆောင်အဖွဲ့အစည်းအဝေးတရပ်ကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးထဲ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ ပြည်သူတွေ နေ့တိုင်းကြုံနေရတဲ့ လူမှုဒုက္ခမျိုးစုံကို