နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၁၂)ဦးဖမ်းခံရ

ဇန်နဝါရီလ (၁၆)ရက်။

ပြီးခဲ့တဲ့ရက်ပိုင်းက အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ (၁၃)ရက်နေ့နဲ့ (၁၄)ရက်နေ့က အမ်းဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့တားဆီးတာကနေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ အဲ့ဒီထဲမှာ လက်နက်မချတဲ့ စကစတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ဖမ်းဆီးခဲ့တယ်” လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၁၃)ရက်နေ့က အမ်းမြို့နယ် ကြက်ရေစမ်းရွာ အနီးစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (၅)ဦးကို ငဖဲမြို့ ဂုတ်စည်းရိုးရွာအနီး တားဆီးခဲ့ရာ အသာတကြည် လက်နက်မချတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး ပြင်းထန်ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိခဲ့ကာ အချိန်မီ ဆေးကုသပေးခဲ့ပေမယ့် ကုသနေချိန်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်တရက်မှာလဲ အမ်းမြို့ တောင်ဇောက်ရွာအနီး တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီအင်အား (၁၀၀)ခန့်ကို ငဖဲမြို့ ရှောက်တောင်ရွာအနီး ကပစ(၁၄)နဲ့ မီတာ(၂၀၀၀)ခန့်အကွာမှာ တားဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုတားဆီးချိန် အသာတကြည် လက်နက်မချတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၃)ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို ဖွဲ့စည်းပုံပျက်ကာ ထွက်ပြေးသွားတာကြောင့် နယ်မြေရှင်းလင်းချိန် စစ်ကောင်စီတပ်သား (၈)ဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ ဆက်ပြောပါတယ်။

အဲ့ဒီ (၂)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၁၂)ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ငယ် (၁၅)လက်နဲ့ စိန်ပြောင်း (၁)လက်အပါအဝင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေထဲ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို နယ်မြေရှင်းလင်းရှာဖွေနေတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 36 Views
ဇွန်လ (၂၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူတာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 25 Views
ဇွန်လ (၂၈)ရက်။ ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူဆောင်ရွက်တာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဘယ်လာရုစ်နိုင်ငံကို ရောက်နေတဲ့ သင်တန်းသားတွေနဲ့
မြန်မာသတင်း

မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရောဂါတွေကို ဆေးမီတိုနဲ့သာ ကုသခွင့်ရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 30 Views
ဇွန်လ (၂၈)ရက်။ စစ်ကောင်စီက မတရားဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရောဂါတွေကို ဆေးမီးတိုနဲ့သာ ကုသခွင့်ပြုထားတယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည် ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို လုံလောက်တဲ့
မြန်မာသတင်း

အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 18 Views
ဇွန်လ (၂၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဒီမနက်
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးထပ်ကြဲ၊ အမျိုးသမီး (၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 32 Views
ဇွန်လ (၂၇)ရက်။ မနေ့က ည (၁၂)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ရပ်ကွက်(၇)ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး ထပ်မံကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီက (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 27 Views
ဇွန်လ (၂၇)ရက်။ ဇွန်လ (၂၃)ရက်ကနေ (၂၅)ရက်အထိ ကန့်ဘလူမြို့ ဇီးကုန်းတိုက်နယ်ထဲရှိ ကျေးရွာတွေကို အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဲ့ဒီပူးပေါင်းစစ်ကြောင်းဟာ ဇွန်လ (၂၃)ရက်နေ့ နံနက်
မြန်မာသတင်း

EAEU ရဲ့ လေ့လာသူနိုင်ငံအနေနဲ့ ပါဝင်နိုင်အောင် ထောက်ခံပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 32 Views
ဇွန်လ (၂၇)ရက်။ မြန်မာကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)ရဲ့ လေ့လာသူနိုင်ငံအနေနဲ့ ပါဝင်နိုင်အောင် ထောက်ခံဆောင်ရွက်ပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေတ္တာရပ်ခံခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ EAEU ရဲ့ မိသားစုအဖွဲ့ဝင်နိုင်ငံအနေနဲ့ ပါဝင်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာကို စစ်ခေါင်းဆောင်က မနေ့က ဘယ်လာရုစ်နိုင်ငံ
မြန်မာသတင်း

ကျောက်ကြီးမြို့မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာ (၇)ဦးထက်မနည်းသေဆုံးပြီး (၂၂)ဦး ဖမ်းမိခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 29 Views
ဇွန်လ (၂၇)ရက်။ မနေ့က ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦးထက်မနည်း