နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ကျားဖြန့်ဂိုဏ်းများအပေါ် တင်းတင်းကျပ်ကျပ် အရေးယူမှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုတာ မရှင်းလင်းပါ

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနှင့် အင်တာနက်ကို ဆက်လက်ဖြတ်တောက်ရန် တရုတ်နိုင်ငံက တောင်းဆိုထားသော်လည်း မြန်မာနိုင်ငံမှ ဆေးရုံများတွင် ထိခိုက်မှုများကြောင့် အဆုံးသတ်ပေးရန် ကြိုးပမ်းနေသည်။

ထိုင်းလက်ထောက်ဝန်ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့် လောင်စာဆီများ ဆက်လက်ဖြတ်တောက်ရန် ထိုင်းနိုင်ငံက အဆိုပြုပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ၏လက်ထောက် ပြည်သူ့လုံခြုံရေးဝန်ကြီး လီယူဇောင်းဂျီ (Liu Zhongyi) နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဘက်က ဆေးရုံဆေးဘက်ဆိုင်ရာ ဝန်ဆောင်ပေးမှုများအပေါ် ထိုခိုက်မှုများကို ကိုးကားပြီး ဤအစီအမံများကို ရုတ်သိမ်းပေးရန် တောင်းဆိုထားပါသည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် လအတော်ကြာ ညှိနှိုင်းဆောင်ရွက်နေပြီး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဖွမ်သမ်က ပြောကြားခဲ့သည်။ လီယူဇောင်းဂျီ၏ အဆိုပြုချက်သည် တရုတ်နိုင်ငံမှ အမိန့်ပေးညွှန်ကြားချက် မဟုတ်ကြောင်း အကြံပြုချက်သာ ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

ကျားဖြန့် ဂိုဏ်းများကို နှိမ်နင်းရန်နှင့် နယ်စပ်ကို ပိတ်ထားရာတွင် ပါတီပေါင်းစုံ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ထိုင်း၊ တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား လွန်ခဲ့သည့် ၂ နှစ်ခန့်က ပူးပေါင်းကြိုးပမ်းမှုများ စတင်ခဲ့သော်လည်း အသေးစိတ် သဘောတူညီချက်များ မရရှိခဲ့ဘဲ ဆက်လက်ဆွေးနွေးရန် လိုအပ်နေခဲ့သည်။

လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက် သုံးစွဲခွင့် ဖြတ်တောက်ရန် အစီအမံများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် အမျိုးသား အကျိုးစီးပွားတို့ကို ထည့်သွင်းစဉ်းစားရန် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဖွမ်သမ်က ပြောကြားခဲ့သည်။ နယ်စပ်ဒေသရှိ အေဂျင်စီများအပေါ် သက်ရောက်မှုရှိသည့် အခြေအနေများအပေါ် အခြေခံ၍ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ဆေးရုံများ ထိခိုက်မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက စိုးရိမ်နေဆဲဖြစ်သည်။

လူနာများ ထိခိုက်ပါက ထိုင်းနိုင်ငံ မဲဆောက်ခရိုင်တွင် ဆေးကုသရန် ပြင်ဆင်ထားကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံက နိုင်ငံခြားသား ၁၂၁၉ ဦးကို ဖမ်းဆီးထားပြီး နေရပ်ပြန်ပို့ဖို့ ပြင်ဆင်နေပါသည်။

ထိုနေ့တွင်ပင် ကရင်ပြည်နယ်၊ မြဝတီ၊ ရွှေကိုးကိုတွင် လူကုန်ကူးမှုကွန်ရက်များ၏ သားကောင်ဖြစ်ရသည့် နိုင်ငံခြားသား အလုပ်သမား ၁၂၁၉ ဦးကို မြန်မာအာဏာပိုင်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့က ထိန်းသိမ်းထားကြောင်း Ratchamanu Task Force မှ သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ထိန်းသိမ်းခံထားရသူများမှာ ၎င်းတို့၏ နေရပ်ပြန်ပို့ရေး စောင့်ဆိုင်းနေကြောင်း သိရသည်။ ခွဲခြားထားသောနိုင်ငံသားများမှာ အောက်ပါအတိုင်းဖြစ်သည်။

တရုတ်- ၁,၀၄၁

အင်ဒိုနီးရှား- ၇၁

ဗီယက်နမ်- ၄၀

မလေးရှား- ၂၂

ပါကစ္စတန်နီ ၁၂

ထိုင်ဝမ်- ၁၀

တောင်အာဖရိက – ၃

အီသီယိုးပီးယား- ၃

အိန္ဒိယ : ၉

ရဝမ်ဒါ- ၂

နီပေါ- ၄

ကင်ညာ- ၂

လက်ရှိအချိန်အထိ မြန်မာနိုင်ငံအနေဖြင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်အတွက် တိကျသောရက်စွဲ သို့မဟုတ် အချိန်ကို မသတ်မှတ်ရသေးပေ။ ၎င်းတို့နိုင်ငံသားများ ပြန်လည်လက်ခံရေး အဆင်ပြေစေရန် သက်ဆိုင်ရာ သံရုံးများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်ဟု မျှော်လင့်ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 12 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 14 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 14 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 18 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ