နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

နမခမှာ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

ဇန်နဝါရီလ (၂၀)ရက်။

မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄) လက်နက်တွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Union Liberation Front ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နမခမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စကစတပ်သား (၄)ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာတာ။ သူတို့က နမခကနေ ထွက်ပြေးလာပြီး UFL စစ်ကြောင်းနဲ့တွေ့ပြီး အလင်းဝင်တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား (၄)ဦးဟာ ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက် (၅)နာရီခန့်က နမခကနေ ထွက်ပြေးလာပြီး UFL စစ်ကြောင်းတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံကာ အလင်းဝင်လာခဲ့တာလို့ ဖော်ပြထားပါတယ်။

“ သူတို့က ရှမ်းပြည်ဘက် အလုပ်လုပ်ဖို့သွားရင်း လမ်းမှာအဖမ်းခံရတာ။ ရန်ကုန်ကနေ မုံရွာ နမခကို ရောက်လာတာ။ အဲ့ဒီနောက် တပ်ထဲမှာ မနေချင်တာနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာကြတာဖြစ်တယ်” လို့ ဆက်ပြောပါတယ်။

အလင်းဝင်လာတဲ့ တပ်သားတွေဟာ တပ်မ(၇၇)လက်အောက်ခံ အမှတ်(၁၀၅)တပ်ရင်းကဖြစ်ပြီး ကျော်မျိုးထွန်း၊ ကျော်ကျော်ဖြိုး၊ ရဲရင့်ပိုင်နဲ့ အေးမင်းထွန်းတို့ဖြစ်ကာ ရန်ကုန်နဲ့ ဟင်္သာတမြို့တွေကနေ အဓမ္မစုဆောင်းခံနေရတာလို့ သိရပါတယ်။

လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို UFL စစ်ကြောင်း-ယင်းမာပင်မြို့နယ်ပကဖ လက်ရုံးတပ်က တစ်ဦးကို ငွေကျပ်သိန်း(၃၀)စီ ချီးမြှင့်ခဲ့ပြီး ကျွေးမွေးစောင့်ရှောက်ထားသလို မိသားစု၊ ဆွေမျိုးတွေနဲ့ တွေ့ဆုံဖို့ လုပ်ဆောင်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

သူတို့(၄)ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ULF စစ်ကြောင်း-ယင်းမာပင်မြို့နယ်ပကဖ လက်ရုံးတပ်နဲ့ မဟာမိတ်အဖွဲ့များဖြစ်ကြသော ဆားလင်းကြီးမြို့နယ် ပကဖ လက်ရုံးတပ်၊ ဗျူဟာအမှတ်(၄) ကျောက်လုံးကြီး၊ ကျောင်းသားလက်ရုံးတပ်(SAF)၊ ယင်းမာပင်ခရိုင်တပ်ရင်း (၁၇)  B21 PDF၊  Mobile Team၊ Butalin Guerrilla Force၊ မုံရွာခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁) ရွာဇော်ကြီးတပ်ခွဲ၊ ကနီ ပကဖ၊ ဗျုဟာအမှတ် (၄၇)၊ ရတနာပုံအဖွဲ့၊ Chindwin Brother၊ ယင်းမာပင်မြို့နယ်တပ်ရင်း(၁)၊ Bandula Defence Force(ဘုတလင်မြို့နယ်)အဖွဲ့တို့ထံ အလင်းဝင်လာတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 20 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 25 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 25 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အမှောင်ထုဟာ အလင်းကို မအုပ်စိုးနိုင်သလို ပြည်သူရဲ့ မတုန်မလှုပ်တဲ့ သန္နိဋ္ဌာန်နဲ့ စည်းလုံးတဲ့
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 34 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 39 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 38 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 24 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 43 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့