ဇန်နဝါရီလ (၂၃)ရက်။
အခု ၂၀၂၅ခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဇန်နဝါရီလ (၂၁)ရက်နေ့ကပြုလုပ်တဲ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ လုပ်ရပ်တွေ တားဆီးဖို့၊ အရပ်သားတွေ သတ်ဖြတ်ခံနေရတာကို အဆုံးသတ်နိုင်ဖို့နဲ့ ကျားဖြန့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ အဆုံးသတ်ဖို့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
နိုင်ငံရဲ့စီးပွားရေးကို ပြန်တည်ဆောက်ပြီး အကျပ်အတည်းတွေကနေ ပြည်သူတွေ လွတ်မြောက်နိုင်ဖို့ တိုင်းရင်းသားမဟာမိတ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး အရှိန်မြှင့်ဆောင်ရွက်မယ်လို့ ပြောဆိုထားပါတယ်။
နောက်ပြီး အခု ၂၀၂၅ခုနှစ်မှာ စစ်ရေးပူးတွဲဆောင်ရွက်တာ ပိုမိုအားကောင်းလာမှာဖြစ်သလို ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးသဘောတူညီမှုတွေကို မြင်တွေ့ရမှာဖြစ်တယ်လို့လဲ အသိပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်တာတွေကို တားဆီးနိုင်ဖို့ နိုင်ငံတကာက စစ်ကောင်စီထံ ငွေကြေးစီးဆင်းတာ ရပ်တန့်ဖို့နဲ့ ပိုမိုထိရောက်တဲ့ အရေးယူတာတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲရင့်မှုတွေကြောင့် ပြည်သူ့တော်လှန်ရေးဟာ မလွဲမသွေ အောင်ပွဲခံရမှာဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ လွတ်လပ်ငြိမ်းချမ်းမှုနဲ့ သာယာဝပြောတဲ့ နိုင်ငံကို ရရှိမှာဖြစ်တယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။