ဇန်နဝါရီလ (၂၃)ရက်။
မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ချောင်းဦးမြို့ နတ်ရေကန်နဲ့ ရေပိုးစားကြားမှာ စစ်ကောင်စီယာဉ်တန်းကို ပစ်ခတ်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်းရဲ့ ဒီကနြေမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်ကိုင်း တပ်မ(၃၃)ကနေ ထွက်လာတဲ့ စခယာဉ်တန်း (၆၉)စီးထဲက မှန်လုံကား(၃)စီးနဲ့ ကြားညှပ်လိုက်လာတဲ့ စခတွေကို ကင်းပုန်းတွေ အထပ်ထပ်ချထားတဲ့ကြားက (၂)နေရာခွဲ တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကိုင်း တပ်မ(၃၃)ကနေ ယာဉ်တန်း (၆၉)စီးနဲ့ ထွက်လာတဲ့အထဲက မှန်လုံကား (၃)စီးနဲ့ ကြားညှပ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ လမ်းဘေးသို့ ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတာကြောင့် ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် လမ်းဘေးကင်းကုန်းတွေနဲ့ပါ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အင်အားနဲ့ ကျည်အင်အား မမျှတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်တဲ့အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီလ (၂၁)ရက်နေ့ကလဲ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကားတန်းတွေနဲ့ တွေ့ပါက ခပ်ဝေးဝေးက ရှောင်ရှားကြဖို့နဲ့ တိုက်ပွဲနဲ့ ကြုံတွေ့ရပါက ရောက်တဲ့နေရာမှာ ရပ်တန့်ဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။