ဇန်နဝါရီလ (၂၄)ရက်။
မနေ့က ညနေ(၄)နာရီအချိန်ခန့်က ပေါက်ခေါင်းမြို့နယ် ကျွဲဘောင်ဘင်ရွာနေ ပျုစောထီး ဝင်းကျော်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF (၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပစ်ခတ်ရှင်းလင်းခံရတဲ့ ဝင်းကျော်ဆိုတာက ပျူစောထီးသင်တန်းဆင်း၊ သူက PDF တွေကို အရှင်ဖမ်းမိရင် ငါးခူကို ဓါးနဲ့မွှန်းသလို မွှန်းပြီးမှ သတ်မယ်လို့ ကြွေးကြော်ထားသေးတယ်” လို့ ဆိုပါတယ်။
ဝင်းကျော်ဆိုသူဟာ ပျုစောထီးသင်တန်း အပတ်စဉ်(၁)ကို အုပ်ပုံရွာ ခလရ(၅၃)တပ်ထဲ (၃)လတက်ရောက်ပြီး သင်တန်းဆင်းထားကာ သူ့ကို PPDF (၃၆၀၁)တပ်ရင်း တပ်ခွဲ(၄)က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဖော်ပြထားပါတယ်။
ပျုစောထီး ဝင်းကျော်ဟာ PDF တွေကို အရှင်ဖမ်းမိရင် ငါးခူကို ဓါးနဲ့မွှန်းသလို မွှန်းပြီးမှသတ်မယ်လို့ ကြွေးကြော်ခြိမ်းခြောက်ထားသူဖြစ်ပြီး မြို့နယ်ထွေအုပ်က တလကို (၂)သိန်းကျပ် ထောက်ပံ့လစာပေးထားသူလို့ ပြောဆိုထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးနဲ့ သတင်းပေးလမ်းပြဒလန်တွေကို စစ်ရေးပစ်မှတ်အနေနဲ့ အလျင်းသင့်သလို အပြစ်ပေးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။