နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေးပါတီတွေ အကြံပေး

ဇန်နဝါရီလ (၂၅)ရက်။

မနေ့က နေပြည်တော်မှာ စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီနဲ့ တွေ့ဆုံချိန် စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေက ပြောဆိုခဲ့တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဒု‌ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ပါဝင်တဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့ ဒုတိယနေ့အနေနဲ့ ဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။

အဲ့ဒီဒုတိယနေ့ဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေက PDF တွေကို နိုင်ငံရင်ခွင်ကို ပြန်လည်ဝင်ရောက်တာ များပြားစေဖို့နဲ့ စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူဖို့ အကြံပြုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ၂၀၂၅ခုနှစ် ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံတည်ငြိမ်ဖို့ လုပ်ဆောင်သင့်တဲ့ အစီအမံတွေအပါအဝင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဥပဒေကြောင်းအရ ဖြည့်ဆည်းပေးဖို့နဲ့ နိုင်ငံရေးအခင်းအကျင်း လက်တွဲကျော်လွှာဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် (၂)ရက်တာဆွေးနွေးပွဲထဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အချက် (၄၃)ချက်နဲ့ ဆက်လက်ဆွေးနွေးမယ့် အချက် (၇)ချက်တို့ရှိပြီး နိုင်ငံတည်ငြိမ်အောင် အခြေခံဥပဒေရဲ့ အချို့ပုဒ်မတွေကို ပြင်ဆင်တာလို့ ရခိုင့်ဦးဆောင်ပါတဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆိုခဲ့ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလပိုင်းကစပြီး အတည်ပြုပြဋ္ဌာန်း အကောင်အထည်ဖော်နေတာ သင်တန်းအပတ်စဉ် (၉)အထိရှိပြီဖြစ်ကာ တစ်နှစ်နီးပါးအကြာမှာတော့ နည်းဥပဒေကို ထုတ်ပြန်လာတာပါ။

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းအတွက် သင်တန်းသားအရေအတွက်ပြည့်မီဖို့ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးတာတွေရှိနေပြီး သင်တန်းအပတ်စဉ် (၁)ကနေ (၅)အထိ အဓမ္မစုဆောင်းခံရသူ (၂၁၀၀၀)ကျော်ရှိတယ်လို့ အစီရင်ခံစာတွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 22 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 27 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 27 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အမှောင်ထုဟာ အလင်းကို မအုပ်စိုးနိုင်သလို ပြည်သူရဲ့ မတုန်မလှုပ်တဲ့ သန္နိဋ္ဌာန်နဲ့ စည်းလုံးတဲ့
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 37 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 43 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 40 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 44 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့