နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 28 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

မတ်လ (၂၇)ရက်။

မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နောင်ချိုက အုမ္မခါး၊ သုံးဆယ်နဲ့ ရွှေညောင်ပင်ရွာကို ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး လာကြဲသွားတာ။ ထိခိုက်သေဆုံးတာတွေက အုမ္မခါးနဲ့ သုံးဆယ်ရွာက” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့‌ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သုံးဆယ်ရွာက ဒေသခံ အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၂)ဦး သေဆုံးခဲ့ပြီး အုမ္မခါးရွာက ဒေသခံ (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အုမ္မခါးရွာက ဒေသခံနေအိမ်တွေ အများအပြား ထိမှန်ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၆)ရက်နေ့ကလဲ နောင်ချိုမြို့ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့တာကြောင့် သံဃာတော်အပါအဝင် (၉)ဦး သေဆုံးပြီး (၁၇)ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေကို ဦးတည်ဗုံးကြဲနေကာ ပြည်သူတွေအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 9 Views
ဇွန်လ (၂၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးထပ်ကြဲ၊ အမျိုးသမီး (၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 21 Views
ဇွန်လ (၂၇)ရက်။ မနေ့က ည (၁၂)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ရပ်ကွက်(၇)ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီက (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 17 Views
ဇွန်လ (၂၇)ရက်။ ဇွန်လ (၂၃)ရက်ကနေ (၂၅)ရက်အထိ ကန့်ဘလူမြို့ ဇီးကုန်းတိုက်နယ်ထဲရှိ ကျေးရွာတွေကို အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဲ့ဒီပူးပေါင်းစစ်ကြောင်းဟာ ဇွန်လ (၂၃)ရက်နေ့ နံနက်
မြန်မာသတင်း

EAEU ရဲ့ လေ့လာသူနိုင်ငံအနေနဲ့ ပါဝင်နိုင်အောင် ထောက်ခံပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ မြန်မာကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)ရဲ့ လေ့လာသူနိုင်ငံအနေနဲ့ ပါဝင်နိုင်အောင် ထောက်ခံဆောင်ရွက်ပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေတ္တာရပ်ခံခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ EAEU ရဲ့ မိသားစုအဖွဲ့ဝင်နိုင်ငံအနေနဲ့ ပါဝင်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာကို စစ်ခေါင်းဆောင်က မနေ့က ဘယ်လာရုစ်နိုင်ငံ
မြန်မာသတင်း

ကျောက်ကြီးမြို့မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာ (၇)ဦးထက်မနည်းသေဆုံးပြီး (၂၂)ဦး ဖမ်းမိခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 23 Views
ဇွန်လ (၂၇)ရက်။ မနေ့က ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦးထက်မနည်း
မြန်မာသတင်း

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ အားထုတ်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 28 Views
ဇွန်လ (၂၆)ရက်။ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ အားထုတ်နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်ရဲ့ (၂)နှစ်ပြည့်မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။ မကွေးဒေသ
1027 Operations

တရက်ထဲ နောင်ချိုမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးအပါအဝင် လက်နက်ကြီး စုစုပေါင်း (၁၀၀)နီးပါး တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က တရက်ထဲ နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံးနဲ့ လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာက နောင်ချိုမြို့ရှိ
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း မူးယစ်ဆေးဝါးအသစ်တွေ နေရာအနှံ့ပျံ့နှံ့လာတယ်လို့ RCSS ပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဇွန်လ (၂၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း ဘိန်းအပါအဝင် စိတ်ကြွဆေးပြား၊ ICE နဲ့ မူးယစ်ဆေးဝါးအသစ်တွေ နေရာအနှံ့ ပျံ့နှံလာတယ်လို့ RCSS ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးတွေ ပျံ့နှံ့လာတာဟာ စိန်ခေါ်မှုတွေ တိုးမြှင့်စေပြီး