နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ခွဲခြမ်းစိတ်ဖြာခြင်း

ပြင်သစ်၏ ပါလက်စတိုင်းအား တိုင်းပြည်တစ်ခုအဖြစ် အသိအမှတ်ပြုခြင်းသည် မက်ခရွန်၏ ရဲရင့်သောလှုပ်ရှားမှုအဖြစ် ထင်ရှားလာသည်။

(CNN)- ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၅ရက်

ဆိုရှယ်မီဒီယာတွင် ပို့စ်တစ်ခုတင်ရုံနှင့် ပြင်သစ်သမ္မတ မက်ခရွန်က အရာအားလုံးကို ပြောင်းလဲစေခဲ့သယောင်ရှိသော်လည်း အမှန်တကယ်တော့ ဘာမှ မပြောင်းလဲခဲ့ပါ။

ပြင်သစ်သည် စက်တင်ဘာလတွင် ပါလက်စတိုင်းပြည်နယ်ကို နိုင်ငံအဖြစ် အသိအမှတ် ပြုမည်ဟု X (ယခင်Twitter) တွင် ညနှောင်းပိုင်း ပို့စ်တွင်ဖော်ပြထားသည်။ အကယ်၍ အောင်မြင်မှု ရရှိပါက ၎င်းသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင်များနှင့် G7 အဖွဲ့ (G7) ၏ ပထမဆုံးသော လှုပ်ရှားမှုဖြစ်လာမည်ဖြစ်သည်။ ကြေငြာချက်သည် လူအများ ကို အံ့အားသင့်စေခဲ့သည်။

ပြင်သစ်ကိုယ်တိုင်က လွန်ခဲ့သည့် လအနည်းငယ်ကတည်းက အသိအမှတ်ပြုရန် အစီအစဥ် ရှိထားခဲ့သည်။ ထိုအချိန်က မဖြစ်ခဲ့ခြင်းမှာ၊ အစ္စရေး-ပါလက်စတိုင်း အရေးကိစ္စနှင့် ပတ်သက်၍ ဆော်ဒီအာရေးဗီးယားနှင့် ဥရောပနိုင်ငံများ အကြား ထိပ်သီးဆွေးနွေးပွဲကို ပြင်သစ်က ဦးဆောင်ရန်ရည်ရွယ်ထားသည့် အစီအစဥ်သည် အစ္စရေးနှင့် အီရန်တို့ကြား တိုတောင်းသည့်တိုက်ပွဲဖြစ်လာခြင်းကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ သို့သော်လည်းပြင်သစ်က ပါလက်စတိုင်းတိုင်းပြည်ကို အသိအမှတ်ပြုကြောင်း ကြေညာချက်ကို မည်သူကမှ မမျှော်လင့် ထားပါ။

အံ့အားသင့်ဖွယ်ကြေငြာချက်က အချက်နှစ်ချက်ကို ပြောပြခဲ့သည်။

ပထမဦးစွာ၊ ယခုအချိန်သည် လုပ်ဆောင်ရမည့်အချိန်ဖြစ်ကြောင်း မက်ခရွန်ကခံစားရသည်။ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီခေါင်းဆောင်များသည် ဂါဇာကမ်းမြောင်ဒေသတွင် ပိုမိုဆိုးရွား လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန် အရေးပေါ် အစီအမံများကို ရှာဖွေနိုင်ရန်အတွက် ၂၅ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

ပါလက်စတိုင်းလူမျိုး ၁၀၀၀ ကျော်သည် စားနပ်ရိက္ခာရရှိရန် ကြိုးပမ်းမှုကြောင့် မေလမှ စတင်၍ သေဆုံးခဲ့ရသည်။ ဒါဇင်ပေါင်းများစွာသည်လည်း ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးခဲ့ကြရသည်။

ကလေးငယ်များအပါအဝင် ငတ်မွတ်ခေါင်းပါးနေသော ဂါဇာရှိလူများ၏ ရုပ်ပုံများသည် အရိုးများနှင့်အရိုးများအထိ ပျိုင်းပျိုင်းကျသွားကာ ၂၀ရာစု၏ အဆိုးရွားဆုံးသော အကျပ် အတည်းကို ပြန်လည်အမှတ်ရစေပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်၍ အနောက်နိုင်ငံများတွင် စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေခဲ့သည်။ လောလောဆယ်တွင် တိကျသည့် အရေးယူမှုများ မလုပ်သေးပါ။

မက်ခရွန်၏ ဆုံးဖြတ်ချက်သည် ရဲရင့်လှသည်။ ယခင်ဥရောပနိုင်ငံများ (အိုင်ယာလန်၊ နော်ဝေ၊ စပိန်) သည် စိတ်ပါလက်ပါလုပ်ဆောင်ခဲ့သော်လည်း ယခုအခါတွင် ပြင်သစ်က ဦးဆောင်ကာ နိုင်ငံကြီးများ၏ လိုက်နာရန် လမ်းစကို ပြသခဲ့သည်။

မက်ခရွန်၏ကြေညာချက်အပြီးတွင် ပြင်သစ်သမ္မတအိမ်တော်မှ အကြီးတန်းအရာရှိတစ်ဦးက “ အခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖုန်းနဲ့ပြောခဲ့ပါတယ်။ စက်တင်ဘာလမှာပြင်သစ်နိုင်ငံ တနိုင်ငံတည်းက ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ အခြေအနေ ဖြစ်လာမှာ မဟုတ်ဘဲ အများကပါ ပါဝင်လာမယ်လို့ ယုံကြည်ပါတယ်” ဟု သူက CNN ကို ပြောခဲ့သည်။

မျက်လုံးများသည် ယခုအခါ ယူကေနှင့် ဂျာမနီသို့ လှည့်သွားဖွယ်ရှိသည်။ အမေရိကန်က ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုမည် မဟုတ်ဟုထင်ရသည်။ ထရန့်၏သမ္မတ သက်တမ်း ပြင်ပတွင်ပင် အမေရိကန်သည် အစ္စရေး၏ အနီးကပ်ဆုံးနိုင်ငံဖြစ်သည်။

သို့သော် ပါ၀င်သည့် နိုင်ငံများအတွက်မူ ပြင်သစ်ဆုံးဖြတ်ချက်သည် အနည်းငယ် အပြောင်း အလဲ ရှိနိုင်သည်။

အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က အဆိုပါလုပ်ရပ်ကို အပြုသဘောဆောင်သော ခြေလှမ်းအဖြစ် ကြိုဆိုခဲ့သည်။ အစ္စရေးခေါင်းဆောင်များအတွက်တော့ ယင်းအချက်ကို လုံးဝလက်ခံနိုင်မည် မဟုတ်ပါ။

ပါလက်စတိုင်းပြည်နယ်၏ ကာလကြာရှည် ပြိုင်ဘက်ဖြစ်သည့် အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုက နိုင်ငံတော်၏ အသိအမှတ်ပြုမှုသည် အကြမ်းဖက်မှုကို ချီးမြှောက်ခြင်းဟု ပြစ်တင်ဝေဖန်ခဲ့သည်။ အခြားသော အစိုးရအဖွဲ့ဝင်များကလည်း အဆိုပါ လှုပ်ရှားမှုသည် အစ္စရေး၏ လက်ယာစွန်းတို့က ဂျူဒါ (Judea) နှင့် ဆမာရီယာ (Samaria) ဟုခေါ်သော အနောက်ဘက်ကမ်းကို အခြေချ နေထိုင်ခြင်းကို တရားဝင် သိမ်းပိုက်လိုက်ခြင်းအားဖြင့် တရားမျှတစေမည်ဟု ပြောဆိုခဲ့ ကြသည်။

နိုင်ငံတကာ အသိအမှတ်ပြုမှု အောင်မြင်ပြီး ဂါဇာကို မြင်သာထင်သာသော အပြောင်း အလဲများ ဆောင်ကြဉ်းလာလျှင်ပင် အစ္စရေး၏ အုပ်ချုပ်ခွင့် ပိတ်ပင်မှုကြောင့် ငတ်မွတ် ခေါင်းပါးမှု ရင်ဆိုင်နေရသော ပါလက်စတိုင်းများအတွက် စက်တင်ဘာလ နောက်ဆုံး ရက်သည် နောက်ကျသွားမည်ဖြစ်သည်။

ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ (UNRWA) ၏ အကြီးအကဲ ဖီလစ်ပီ လာဇာရီနီ (Philippe Lazzarini) က ဂါဇာကမ်းမြောင်ဒေသတွင် အစာရေစာ ငတ်ပြတ်နေသော လူများသည် လမ်းလျှောက်နေသော အလောင်းများနှင့် တူသည်ဟု ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

“ဂါဇာရှိ ပါလက်စတိုင်း၂ဒဿမ၁ သန်းလုံးအတွက် စားနပ်ရိက္ခာ မလုံလောက်ဘူး။ ကလေး ၉၀၀,၀၀၀ ဟာ ဆာလောင်မွတ်သိပ်နေတယ်”ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ကလေး ၇၀,၀၀၀ ခန့်သည် အာဟာရချို့တဲ့သည့် လက္ခဏာများ ပြသနေပြီဟု ဝန်ကြီးဌာနက ဆိုသည်။

သံတမန်ရေးရာ လောင်းကစားလား။

ပြင်သစ်တစ်နိုင်ငံတည်းက ကြေညာချက် ထုတ်လိုက်ခြင်းသည် မက်ခရွန်၏ အစွမ်းကုန် ကြိုးပမ်းမှု အဖြစ် တွေ့မြင်နိုင်ပါသည်။

မက်ခရွန်သည် နိုင်ငံတကာစင်မြင့်တွင် ပူးပေါင်းလုပ်ဆောင်ခြင်းကို နှစ်သက်သူဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်းက ပုံမှန်အားဖြင့် ထောက်ခံမှုအရေအတွက် ကိန်းဂဏန်းဖြင့် အနိုင်ရယူရန် ဗျူဟာမြောက်သည့် အတွက်ဖြစ်သည်။

လွန်ခဲ့သည့်တစ်လက ပြင်သစ်သည် ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရန် စင်မြင့်ကို ပြင်ဆင်ထားပုံရသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိပ်သီးအစည်းအဝေးကို ဇွန်လ ၁၇ ရက်မှ ၂၀ ရက်အထိ ရီယတ်(Riyadh) ၌ ပြုလုပ်ရန် စီစဉ်ထားသည်။ သို့သော် ၁၃ ရက်မြောက်နေ့တွင် အစ္စရေးနှင့် အီရန်တို့ကြား လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါအစီအစဉ် ပျက်သွားခဲ့သည်။

ကနဦးတွင် ပြင်သစ်နှင့် ဆော်ဒီအာရေးဗီးယားတို့သည် နိုင်ငံကို ပူးတွဲအသိအမှတ်ပြုရန် အခြားလုပ်ဖော်ကိုင်ဖက်များကို ဦးဆောင်မည်ဟု ကျွမ်းကျင်သူများက မျှော်လင့်ထားသည်။ ယင်းသည် နှစ်နိုင်ငံဖြေရှင်းချက်နှင့် ငြိမ်းချမ်းရေး၏ အရေးကြီးပုံနှင့်ပတ်သက်၍ အစ္စရေးနှင့် ဝါရှင်တန်ထံသို့ ခိုင်မာသော သတင်းစကားကို ပေးပို့မည်ဖြစ်သည်။

စက်တင်ဘာလတွင် ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ပြင်သစ်နှင့် ပူးပေါင်းပါက မက်ခရွန်သည် အဆိုပါအချိန်တွင် အနိုင်ရရှိ နိုင်သေးသည်။ သို့သော် ထိုသို့ပြုလုပ်ရန်၊ ပြင်သစ်၏ သံတမန်ရေးရာ အခွင့်ကောင်းကို ဆုံးရှုံးရန် စွန့်စားရမည်ဖြစ်ပြီး ၎င်း၏ နောက်ထပ် တုံ့ဆိုင်းနေသော မဟာမိတ်များစွာကို ဆွဲဆောင်လာရမည်ဖြစ်သည်။

“ ဒါဟာ တခြားသူတွေအပေါ် ဖိအားနည်းနည်းပေးတာတာပဲ” ဟု ပြင်သစ်အရာရှိက CNN သို့ ပြောကြားခဲ့သည်။

မက်ခရွန်၏ဆုံးဖြတ်ချက်သည် သက်ရောက်မှုများရှိသည်။

နှစ်နိုင်ငံယဥ်တွဲတည်ရှိရေး ဖြေရှင်းချက်နှင့် ပါလက်စတိုင်း နိုင်ငံအဖြစ်သို့ တရားဝင် ခြေလှမ်းများ လှမ်းခြင်းမှ ရှောင်ကြဉ်ခဲ့ကြောင်း ဥရောပတိုက်သားများက ကာလရှည်ကြာ ပြောဆိုခဲ့သည်။ အနောက်ဘက် မဟာမိတ် အစ္စရေးကို လေးစားမှု၊ ဂါဇာရှိ အစ္စလာမ္မစ် အစိုးရကို မုန်းတီးမှု၊ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း အာဏာပိုင်များ၏ ချို့ယွင်းချက်များနှင့် ဆယ်စုနှစ်များစွာ လက်ခံနိုင်ဖွယ် အနေအထားတွင် ပါလက်စတိုင်း နေရာများအပေါ် အစ္စရေး အခြေချနေထိုင်မှုနှင့် ပါလက်စတိုင်းများအပေါ် တိုက်ခိုက်မှု များသည် ဒေါသ ထွက်စေမည့် အလားအလာ ရှိနေသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတကာ အသိုက်အဝန်းသည် အပြောင်းအလဲ အနည်းငယ်သာ လုပ်ဆောင်ခဲ့သည်။

ပြင်သစ်သည် ယခုအခါ ထိုဖန်သားပြင်ကို ဖြတ်ကျော်ရန် ကြိုးစားနေပြီဖြစ်သည်။

ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းသည် ပါလက်စတိုင်းတို့အပေါ် နှစ်ရှည်လများ ချစ်ကြည်ရင်းနှီးစွာ ရပ်တည်ခဲ့သည့် ပြင်သစ်တွင် အငြင်းပွားဖွယ်ရာမရှိပေ။

ဒုတိယကမ္ဘာစစ်ပြီးနောက် ခေါင်းဆောင် ချားလ်ဒီဂေါလ် (Charles de Gaulle) သည် ၁၉၆၇ ခြောက်ရက် စစ်ပွဲအပြီး ပါလက်စတိုင်းတို့အား ထောက်ခံရန် ပြင်သစ်ကို ချီတက် ဆန္ဒပြစေခြင်းကြောင့် လူသိများသည်။ ပြင်သစ်မြေပေါ်တွင် PLO ဟူသောအမည်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်တွင်ပင် ပြင်သစ်အစိုးရသည် ပြောင်းလဲမှု မရှိဘဲ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) နှင့် ကာလရှည်ကြာ အဆက်အသွယ် ရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ပြင်သစ်ပါလီမန်က အစိုးရအား ပါလက်စတိုင်းအား ပြည်နယ်တစ်ခုအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုခဲ့သည်။ အစိုးရက ယင်းကို ထောက်ခံခဲ့သော်လည်း ပါလက်စတိုင်း နိုင်ငံအဖြစ် ၂၀၁၇ ခုနှစ်တွင် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပယ်ချခဲ့သည်။

ပြင်သစ်သည် ၁၉၆၇ ခုနှစ် နယ်နိမိတ်များကို အခြေခံ၍ နှစ်နိုင်ငံဖြေရှင်းချက်ကို ကာလ ရှည်ကြာ ထောက်ခံခဲ့သည်။ သို့သော်လည်း ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ပြင်သစ်အတွက် တိကျသော နယ်နိမိတ်မျဉ်းများကို မျှော်မှန်းထားကြောင်း သမ္မတ၏ သတင်းရင်းမြစ်တစ်ခုမှ ပြောကြားခဲ့သည်။

မက်ခရွန်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဟားမတ်စ်တို့၏ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုအတွက် အစ္စရေး၏ လက်တုံ့ပြန်မှုကို ပြတ်ပြတ်သားသား ထောက်ခံခဲ့သော်လည်း နေတန်ယာဟုနှင့် အစ္စရေးတို့၏ စစ်ရေးဆောင်ရွက်မှုကို ထိုအချိန်မှ စ၍ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ပွင့်ပွင့်လင်းလင်းပြောရလျင် မက်ခရွန်က ဥရောပမှာ ဂျူးနှင့် မွတ်ဆလင် အသိုင်းအ၀ိုင်း အကြီးဆုံးဖြစ်သည့် ပြင်သစ်နိုင်ငံထဲတွင် ပဋိပက္ခ ဖြစ်လာနိုင်မှုကိုစိုးရိမ်နေသည်။

ဂါဇာကမ်းမြောင်ဒေသတွင် လူသေဆုံးမှု မြင့်တက်လာချိန်တွင် ပြင်သစ်သည် အစ္စရေးသို့ လက်နက်တင်ပို့မှုကို တားမြစ်ခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အကူအညီများ ပိတ်ပင်ထားမှုကို လျှော့ချရန် နှင့် အပစ်အခတ်ရပ်စဲရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် သတင်းထောက်များ ဝင်ရောက်ခွင့် ရရန်လည်း အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။

ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ဤရဲရင့်သော လုပ်ဆောင်ချက်သည် အနောက်နိုင်ငံများအပေါ် ဒိုမီနိုအကျိုးသက်ရောက်မှုရှိလိမ့်မည်ဟု အိမ်ဖြူတော်က မျှော်လင့်နေပါသည်။

အကူအညီရရန် ရုန်းကန်နေရဆဲဖြစ်သော သာမန်ပါလက်စတိုင်းများအတွက် ကယ်ဆယ်ရေး စခန်းအချို့ကို ပံ့ပိုးရန် နောက်ဆုံးနည်းလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

သတင်းထောက်ဂျိုးဇက် အက်တာမင်(Joseph Ataman) ၏ သုံးသပ်ချက် ဆောင်းပါး France recognizing a Palestinian state is a bold move by Macron, with a hint of desperation ကိုခေတ်မျက်လုံးမှဆီလျှော်အောင်ဘာသာပြန်သည်။

စက်တင်ဘာလတွင် ပါလက်စတိုင်းအား နိုင်ငံတခုအဖြစ် အသိအမှတ်ပြုရန် ပြင်သစ်သမ္မတ မက်ခရွန်က ရဲရဲတင်းတင်း ဆုံးဖြတ်ခဲ့သည် (ဓာတ်ပုံ- ရိုက်တာ)

ဂါဇာရှိ အာဟာရချို့တဲ့သည့် နှစ်နှစ်အရွယ် ကလေးတစ်ဦး၊ ဇူလိုင် ၂၃ ရက် / Qatta / AFP / Getty Images (ဓါတ်ပုံ)

ပြင်သစ်နိုင်ငံတွင် ပါလက်စတိုင်းအလံကို ၈ရက်နေ့က ဂါဇာကမ်းမြောင်ဒေသ အခြေအနေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနှင့်လူအုပ်ကြီးကလွှင့်ထူခဲ့ကြပါသည်။ / Henrique Campos/Hans Lucas/AFP/Getty (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 20 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 22 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 25 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု