Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁၆)ဦးသေဆုံးခဲ့

ဇန်နဝါရီလ (၂၈)ရက်။

အခုလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် နိုင်ငံတဝန်းမှာ အရပ်သားပြည်သူ (၁၆)ဦး သေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇန်နဝါရီလ (၁)ရက်နေ့ကနေ (၂၈)ရက်အထိ စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် နိုင်ငံတဝန်းမှာ အမျိုးသား (၈)ဦးနဲ့ အမျိုးသမီး (၈)ဦ သေဆုံးခဲ့ကာ ကလေးငယ် (၃)ဦးပါဝင်ပြီး မကွေးတိုင်းထဲ အများဆုံးလို့ ဆိုပါတယ်။

ဇန်နဝါရီလ (၂၆)ရက်နေ့က ဆိပ်ဖြူမြို့နယ် စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့စက်ရုံ(ကပစ)(၂၂)က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ကို ဖော်ပြထားပါတယ်။

ကပစ(၂၂)ရဲ့ လက်နက်ကြီးဟာ ကင်မွန်းတောင့်ကျေးရွာရှိ နေအိမ်ခြံဝန်းတစ်ခုထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင် (၄)ဦးနဲ့ ဒေသခံတစ်ဦး ထိမှန်သေဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

စစ်အုပ်စုလက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူတွေဟာ ဒေါ်ရွှေကျင်၊ ဦးမြင့်နိုင်၊ ဒေါ်သန်းနွဲ့နဲ့ အမွှာကလေး (၂)ယောက်ဖြစ်တဲ့ မောင်သုခမင်းနဲ့ မောင်သုခဝင်းတို့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းတဲ့ဖြစ်စဉ် စတင်ချိန်ကစပြီး (၄)နှစ်တာထဲ စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ စုစုပေါင်း (၆၂၀၀)ကျော်ပြီဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဘောလခဲမြို့ လေကြောင်းဗုံးကြဲခံရပြီး ဒေသခံတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 0 Views
ဖေဖေယ်ဝါရီလ (၁)ရက်။ မနေ့က နေ့လယ် (၁)နာရီခန့်က ဘောလခဲမြို့နယ်ရှိ ချိကွဲ့ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

တလတာထဲ စစ်ကောင်စီဘက်က တပ်သားနဲ့ရဲ (၁၃၀)ကျော် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ စစ်ကောင်စီဘက်က တပ်သားနဲ့ရဲ (၁၃၆)ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

အာဏာသိမ်း (၄)နှစ်ထဲ ပြည်သူ (၈၀၀)ကျော်ရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁)ရက်။ စစ်တပ်အာဏာသိမ်း (၄)နှစ်တာထဲ ပြည်သူ (၈၃၉)ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံခဲ့ရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၁၀၂၁)ခုရှိခဲ့တယ်လို့ NLD ရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခဲ့တဲ့အထဲ NLD လွှတ်တော်ကိုယ်စားလှယ် (၁၉၉)ဦးနဲ့ ပါတီဝင်
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းအပတ်စဉ်(၇) သင်တန်းဆင်းပွဲတွေပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁)ရက်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၇) သင်တန်းဆင်းပွဲကို မနေ့က နံနက်ပိုင်းအချိန် တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၇)ကို စစ်ကောင်စီက ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီးနောက်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ သားဖြစ်သူ ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိဖို့ သားဖြစ်သူ ကင်မ်အဲရစ်က ဒီကနေ့ ယူကေရှိ စစ်ကောင်စီသံရုံးကို သွားရောက်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ယူကေရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးကို သားဖြစ်သူ
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ PDF တို့ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ PDF တို့ပူးပေါင်းပြီး တိုက်ခိုက်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုလို PDF နဲ့ပေါင်းပြီး KIA က တရုတ်-မြန်မာနယ်စပ်ဒေသအပါအဝင် ဗန်းမော်၊ စစ်ကိုင်းအထက်ပိုင်းနဲ့
မြန်မာသတင်း

မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ခဲ့တာတွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ EU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁)ရက်။ မြန်မာစစ်တပ်ရဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး လုပ်ဆောင်ခဲ့တာတွေကို ပြင်းထန်စွာ ရှုတ်ချပြီး အကြမ်းဖက်တာတွေ အားလုံးရပ်တန့်ဖို့ EU က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြန်မာမှာ စစ်တပ်အာဏာသိမ်းတာ (၄)နှစ်မြောက်‌တဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ် မတရားအာဏာသိမ်းတာ (၄)နှစ်ပြည့်တဲ့နေ့ အာဏာရှင်ဆန့်ကျင်တဲ့လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာ စစ်တပ် မတရားအာဏာသိမ်းတာ (၄)နှစ်ပြည့်တဲ့နေ့မှာ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။ စစ်တပ် နိုင်ငံအာဏာကို မတရားသိမ်းယူခဲ့တာ (၄)နှစ်ပြည့်တဲ့နေ့မှာ “ အထွေထွေဖိနှိပ်မှုကို အံတုကြ၊