နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ တပ်ရင်းမှူးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထုတ်ပြန်

မတ်လ (၂၈)ရက်။

မတ်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်က ခရီးသည်တင်ကားတွေကို စစ်ဆေးချိန် စစ်ကောင်စီတပ်ရင်းမှူးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အမှတ် (၈)ပြည်ထောင်စုလမ်းမပေါ်က ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ကားတွေကို စစ်ဆေးတဲ့အချိန် စကစရဲ့ ယာယီတပ်ရင်းမှူးတဦးကို ဖမ်းမိခဲ့တာ” လို့ ဆိုပါတယ်။

အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းနဲ့ KNDO တပ်ရင်း(၇) ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စစ်ဆေးဆောင်ရွက်နေချိန် စစ်ကောင်စီရဲ့ ယာယီတပ်ရင်းမှူးကိုဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။

ဖမ်းမိခဲ့သူဟာ စစ်ကောင်စီရဲ့ မြိတ်မြို့အခြေစိုက် ခလရ(၁၀၃)က အသက် (၄၀)နှစ်အရွယ်ရှိ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်ဖြစ်တယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

သူဟာ တနင်္သာရီမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကနေ ထွက်ပြေးလာပြီး အရပ်သားဟန်ဆောင်ကာ ခရီးသည်တင်ကားကနေ ရန်ကုန်ကို သွားရောက်ဖို့ ကြိုးပမ်းခဲ့တာလို့ ထွက်ဆိုထားပါတယ်။

ဒီလို အရပ်သားဟန်ဆောင်ပြီး ထွက်ပြေးဖို့ကြိုးစားတဲ့ စစ်ကောင်စီ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သိန်းထိုက်ကို မဟာမိတ်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ရဲဘော်တွေက တင်းကြပ်စွာ စစ်ဆေးချိန် ဖမ်းမိတာလို့ ပြောဆိုထားပါတယ်။

အခုအခါ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီရဲ့ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သိန်းထိုက်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်တဲ့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 17 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung
မြန်မာသတင်း

စစ်တပ်ရဲ့ သမ္မတရွေးချယ်ပွဲ အခုလကုန်မှာလုပ်မယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 14 Views
မတ်လ (၂၀)ရက်။ အခု မတ်လ (၃၀)ရက်နေ့မှာ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်သွားဖိုရှိနေတယ်လို သတင်းထုတ်ပြန်ထားတာတွေအရ သိရပါတယ်။
မြန်မာသတင်း

ရှမ်းမန်းစစ်ဆင်ရေးထဲပါဝင်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 18 Views
မတ်လ (၂၀)ရက်။ မတ္တရာအခြေစိုက် ဒေသကာကွယ်ရေးတတပ်တခုဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲဟာ PDF ကွပ်ကဲမှုအောက် ဝင်ရောက်ပူးပေါင်းလာခဲ့တယ်လို MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမျိုးမှန်တပ်ဖွဲဟာ ရှမ်းမန်းစစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်အပါအဝင် PDF တပ်ရင်း၊ တပ်ဖွဲ၊
မြန်မာသတင်း

အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတွေ စစ်မှုထမ်းဖို CNF တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 11 Views
မတ်လ (၂၀)ရက်။ အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတိုင်း စစ်မှုထမ်းဖို ချင်းအမျိုးသားတပ်ဦး(CNF)က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲကနေတဆင့် အတုအယောင်လွှတ်တော်နဲ့ စစ်တပ်အခွံလဲအစိုးရကို ဖွဲစည်းပြီး စစ်အုပ်စုအာဏာတည်ဖို နည်းလမ်းပေါင်းစုံနဲ့ ပြည်သူနဲ့ နိုင်ငံတကာကို
မြန်မာသတင်း

PDF (၅၀၀)ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
မတ်လ (၁၉)ရက်။ PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။ အလင်းဝင်လာတဲ့ PDF အဖွဲဝင်တွေကို ဒီကနေ့ မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းအချိန်က မိဘတွေဆီ ပြန်လည်အပ်နှံတဲ့
မြန်မာသတင်း

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် မတ်လ (၂၀)ရက်မှာ ကျင်းပမယ်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 24 Views
မတ်လ (၁၉)ရက်။ စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတနဲ့ ဒုသမ္မတကို ရွေးချယ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့အလိုက်
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ်နဲ့ မင်းအောင်လှိုင် တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 26 Views
မတ်လ (၁၉)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ် General UKris Boontanondha နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိင်တို တွေ့ဆုံခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မင်းအောင်လှိင်က တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ
မြန်မာသတင်း

တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူမယ်လို GZA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 20 Views
မတ်လ (၁၈)ရက်။ တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို Generation Z Army ရဲ့ ဒီကနေ့မှာ အသိပေးကြေညာထားတယ်လို သိရပါတယ်။ GZA ရဲ့ ရဲဘော် (၈)ဦးဟာ တပ်ပိုင် လက်နက်ခဲယမ်း၊