ဇန်နဝါရီလ (၂၉)ရက်။
ဒီကနေ့ ရန်ကုန်မြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ပူးပေါင်းပြီး အကြမ်းဖက်တာတွေကို ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို သရော်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ပူးပေါင်းပြီး အကြမ်းဖက်တာတွေကို ထောက်ခံအားပေးနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြုသရော်တဲ့ ဝက်ဝံရုပ်နဲ့ မြန်မာ့နိုင်ငံရေးအပေါ် ဝင်ရောက်ခြယ်လှယ်တာနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ စိုးမိုးနေတာ စတဲ့ အခြေအနေကို သရုပ်ဖော်ပြီး ဓါတ်ပုံရိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလှုပ်ရှားမှုဟာ တရုတ်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးအပေါ် ပါဝင်ခြယ်လှယ်တာအပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို မျက်ကွယ်ပြုပြီး ထောက်ခံရပ်တည်နေတဲ့ လုပ်ရပ်တွေအပေါ် ရှုတ်ချတာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ တရားတဲ့နည်းလမ်းနဲ့ မြန်မာပြည်သူတရပ်လုံးဘက်ကနေ ရပ်တည်ပေးဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)နဲ့ ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။