ဆားလင်းကြီးမြိုနယ် ထန်းပုရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲ၊ ကိုရင်တပါးအပါအဝင် (၂)ဦးသေဆုံးခဲ့
မတ်လ (၂၈)ရက်။
မနေ့က ညနေ (၅)နာရီအချိန်က ဆားလင်းကြီးမြိုနယ် ထန်းပုရွာကို စစ်ကောင်စီက စက်တပ်လေထီး (၂)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။
“ တိုက်ပွဲမရှိဘဲနဲ့ ဆားလင်းကြီးနယ်ကို နမခဘက်ကနေ တက်လာတဲ့ စခက စက်တပ်လေထီး (၂)စီးနဲ့ ဗုံးကြဲသွားတာ။ ဗုံးက ထန်းပုရွာဘုန်းကြီးကျောင်းကို ကြဲသွားတာ။ ကိုရင်တပါးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးတယ်။ ပြီးတော့ ကျောင်းထဲ ဘောလုံးကန်နေတဲ့ ကလေး (၇)ယောက် ထိသွားတယ်” လို ဆိုပါတယ်။
စစ်ကောင်စီဟာ စက်တပ်လေထီးတွေနဲ့ ထန်းပုရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲချခဲ့တာကြောင့် ကိုရင်တပါးနဲ့ အမျိုးသမီး (၁)ဦး သေဆုံးခဲ့ပြီး ကျောင်းဝန်းထဲရှိ ကလေး (၇)ဦး ဒဏ်ရာရရှိခဲ့တယ်လို သိရပါတယ်။
အခုလို ဆားလင်းကြီးနယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရပြီး အချိုမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို သူက ဆက်ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိင်က အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ရဖို ပြောဆိုတဲ့ တပ်မတော်နေ့ဖြစ်တဲ့ မနေ့က မတ်လ (၂၇)ရက်နေ့မှာပဲ ဘုန်းကြီးကျောင်းကို ထပ်မံဗုံးကြဲခဲ့တာပါ။
မြေပြင်မှာ စစ်ရှုးပြီး အရေးနိမ့်နေတဲ့ စစ်ကောင်စီဟာ လေကြောင်းကိုသာ အသုံးပြုပြီး အဓိကထား တိုက်ခိုက်တာတွေကြောင့် နေ့တိုင်း အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လိုလဲ သိရပါတယ်။

