နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမြို့ Sky Villa ကွန်ဒို ပြိုကျမှုမှာ ပိတ်မိနေသူ ၄၀ ကျော်ကို ကယ်တင်နိုင်ဟုဆို

မတ်လ (၂၉) ရက်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်က ၁၁ လွှာရှိတဲ့ Sky Villa ကွန်ဒိုမှာ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံ ပြိုကျလို့ ပိတ်မိနေတဲ့ ၄၃ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ကိုးယောက်ရဲ့ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒီကနေ့ မတ် ၂၉ ရက် မြန်မာနိုင်ငံမီးသပ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗဟိုမီးသတ်သင်တန်းကျောင်းနဲ့ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

၁၁ လွှာရှိတဲ့ Sky Villa ကွန်ဒို အဆောက်အအုံးဟာ ငလျင်ဒဏ်ကြောင့် ၆ လွှာထိ မြေကြီးအောက် ကျွံဝင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီကွန်ဒိုအဆောက်အအုံ ပြိုကျမှုကြောင့် အဲ့ဒီကွန်ဒိုမှာနေထိုင်တဲ့ မန္တလေးမြို့က သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေလည်း သေဆုံးသွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ငလျင်အထူးပြု ဂျပန်ပညာရှင်တစ်ဦးကတော့ မြန်မာနိုင်ငံက အဆောက်အအုံတွေဟာ အောက်ထပ်က ကြံ့ခိုင်ရေး စံချိန်မမီတဲ့အတွက် အခုလို ပြိုကျတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 17 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung
မြန်မာသတင်း

စစ်တပ်ရဲ့ သမ္မတရွေးချယ်ပွဲ အခုလကုန်မှာလုပ်မယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 14 Views
မတ်လ (၂၀)ရက်။ အခု မတ်လ (၃၀)ရက်နေ့မှာ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်သွားဖိုရှိနေတယ်လို သတင်းထုတ်ပြန်ထားတာတွေအရ သိရပါတယ်။
မြန်မာသတင်း

ရှမ်းမန်းစစ်ဆင်ရေးထဲပါဝင်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 18 Views
မတ်လ (၂၀)ရက်။ မတ္တရာအခြေစိုက် ဒေသကာကွယ်ရေးတတပ်တခုဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲဟာ PDF ကွပ်ကဲမှုအောက် ဝင်ရောက်ပူးပေါင်းလာခဲ့တယ်လို MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမျိုးမှန်တပ်ဖွဲဟာ ရှမ်းမန်းစစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်အပါအဝင် PDF တပ်ရင်း၊ တပ်ဖွဲ၊
မြန်မာသတင်း

အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတွေ စစ်မှုထမ်းဖို CNF တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 11 Views
မတ်လ (၂၀)ရက်။ အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတိုင်း စစ်မှုထမ်းဖို ချင်းအမျိုးသားတပ်ဦး(CNF)က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲကနေတဆင့် အတုအယောင်လွှတ်တော်နဲ့ စစ်တပ်အခွံလဲအစိုးရကို ဖွဲစည်းပြီး စစ်အုပ်စုအာဏာတည်ဖို နည်းလမ်းပေါင်းစုံနဲ့ ပြည်သူနဲ့ နိုင်ငံတကာကို
မြန်မာသတင်း

PDF (၅၀၀)ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
မတ်လ (၁၉)ရက်။ PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။ အလင်းဝင်လာတဲ့ PDF အဖွဲဝင်တွေကို ဒီကနေ့ မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းအချိန်က မိဘတွေဆီ ပြန်လည်အပ်နှံတဲ့
မြန်မာသတင်း

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် မတ်လ (၂၀)ရက်မှာ ကျင်းပမယ်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 24 Views
မတ်လ (၁၉)ရက်။ စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတနဲ့ ဒုသမ္မတကို ရွေးချယ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့အလိုက်
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ်နဲ့ မင်းအောင်လှိုင် တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 26 Views
မတ်လ (၁၉)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ် General UKris Boontanondha နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိင်တို တွေ့ဆုံခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မင်းအောင်လှိင်က တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ
မြန်မာသတင်း

တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူမယ်လို GZA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 20 Views
မတ်လ (၁၈)ရက်။ တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို Generation Z Army ရဲ့ ဒီကနေ့မှာ အသိပေးကြေညာထားတယ်လို သိရပါတယ်။ GZA ရဲ့ ရဲဘော် (၈)ဦးဟာ တပ်ပိုင် လက်နက်ခဲယမ်း၊