++++++++++++++
မြန်မာနိုင်ငံမှာ မြေငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၀ ဦး ဒီနေ့ မတ်လ (၂၉) ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
ရုရှားသမ္မတနဲ့ အရေးပေါ်ဝန်ကြီးရဲ့ အမိန့်အရ လေယာဉ်နှစ်စင်းနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။
လေယာဉ်အတွင်း ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ မေ့ဆေးနဲ့ ခွဲစိတ်ဆရာဝန်တွေ၊ စိတ်ကျန်းမာရေးဆရာဝန်တွေ ပါဝင်ပြီး ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ဖို့ လိုအပ်တဲ့ ကိရိယာတွေလည်း ပါရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံအပြင် တရုတ်နိုင်ငံ၊ တိုင်ဝမ်၊ စင်္ကာပူနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့က ကယ်ဆယ်ရေးအဖွဲ့တွေလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
