နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူဦးရေမှာ ၃၄၀၈ ဦးဖြစ်လာပြီလို့ စစ်ကောင်စီ ကြေညာ

မတ်လ (၂၉) ရက်။

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၆၄၄ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူဦးရေမှာ ၃၄၀၈ ဦးနှင့် ၁၃၉ ဦး ပျောက်ဆုံးနေကြောင်း စစ်ကောင်စီလက်အောက်ခံ ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြပါတယ်။

အသေအပျောက်များ တိုးလာဖွယ် ရှိနေတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝန်းထံမှ အကူအညီ တောင်းခံဖို့ စစ်ကောင်စီက မကြုံစဖူး မေတ္တာရပ်ခံခဲ့ပါတယ်။ ငလျင်ဗဟိုချက်အနီးက ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးတစ်ဝိုက်တွင် ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး လူပေါင်း ၆၉၄ ဦး သေဆုံးကာ ၁၆၇၀ ဒဏ်ရာရရှိခဲ့ပါတယ်။

အိမ်ခြေ ၁၆၀၀ ခန့် ပျက်စီးခဲ့ရပြီး နေပြည်တော်နဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းတို့မှာလည်း သေဆုံးမှုတွေ ရှိကြောင်း သိရပါတယ်။ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က သေဆုံးသူဦးရေဟာ ၁၀,၀၀၀ ကျော်နိုင်တယ်လို့ ဆိုပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ဂျပန်နိုင်ငံသားနှစ်ဦး ဒဏ်ရာရရှိပြီး မန္တလေး ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ကြောင်း သိရပါတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း ကျောက်ဆည်မြို့က ပြိုကျတဲ့ မူလတန်းကြိုကျောင်းမှာ ကလေး ၁၂ ဦးနဲ့ ဆရာတစ်ဦး အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဘီဘီစီသတင်းထောက်က ၂၉ ရက်နေ့က ပြောပါတယ်။ ကလေးငယ်တွေ အပါအဝင် လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်းနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာလည်း ပြိုကျခဲ့တဲ့ တိုက်ခန်း အဆောက်အအုံ အပျက်အစီးတွေအောက်မှာ လူ ၉၀ ကျော် ပိတ်မိနေတယ်လို့ သိရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မြို့လယ်မှာ ပြိုကျခဲ့တဲ့ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အပျက်အစီးတွေ အောက်မှာ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဒီနေ့ ၂၉ ရက်နေ့မှာလည်း ဆက်လက် လုပ်ဆောင်နေအာတယ်။

ထိုင်းအစိုးရရဲ့ ပြောကြားချက်အရ ပြိုကျခဲ့တဲ့ အဆောက်အအုံမှာ အနည်းဆုံး လူ ရှစ်ဦး သေဆုံးပြီး ၅၀ ခန့် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အပျက်အစီးတွေအောက်မှာ အလုပ်သမား ၁၅ ဦးလောက် အသက်ရှင်တဲ့ လက္ခဏာ တွေ့ရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ ထိုင်းတာဝန်ရှိသူတစ်ဦးက ၂၉ ရက်နေ့မှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“ ကယ်ဆယ်ရေးအဖွဲ့တွေက အစာနဲ့ရေတွေ ပို့ပေးဖို့ ကြိုးစားနေပါတယ်။ တချို့အပျက်အစီးတွေအောက်မှာ ပိတ်မိနေတယ်” လို့ သူက ပြောပါတယ်။ အသက်ရှင်သန်မှုနှုန်း သိသိသာသာကျဆင်းသွားတယ်လို့ ဆိုကြတဲ့ အခင်းဖြစ်ပွားပြီး ၇၂ နာရီအတွင်း ကယ်ဆယ်ဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။

ဘန်ကောက်မြို့ရှိ အခြားဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ သေဆုံးသူ ငါးဦးကို အတည်ပြုနိုင်ခဲ့ပြီး စုစုပေါင်းသေဆုံးသူ အရေအတွက်မှာ ၁၃ ဦးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီ အခြားသတင်းရင်းမြစ်များအရ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မြန်မာနိုင်ငံကို ကယ်ဆယ်ရေးနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အထီးကျန် ဖြစ်နေပေမဲ့ တရုတ်၊ ရုရှားနဲ့ နိုင်ငံအချို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အကူအညီတွေလက်ခံဖို့ အခြေခံအုတ်မြစ်များ ပံ့ပိုးပေးထားနိုင်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကလည်း နိုင်ငံခြားရေးဝန်ကြီးများရဲ့ ကြေညာချက်ကို ၂၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနဲ့ ထိုင်းနိုင်ငံတို့ကို ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီတွေပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် အီရှီဘာ ရှီဂေရူက ထိုင်းနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ပေထုံတန်ထံဆီ စာတိုပေးပို့ခဲ့ပြီး “ ကျွန်တော် အလွန်စိတ်မကောင်း ဖြစ်ရပါတယ်။ ထိခိုက်ခဲ့ရသူတွေအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားလိုပါတယ်။” လို့ ရေးသားခဲ့ပါတယ်။

သတင်းရင်းမြစ်။ မာအိနိချိရှင်ဘွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 4 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 27 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 27 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 28 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 25 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 32 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 27 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ
မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 34 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA