မေလ (၂၉)ရက်။
မေလ (၂၄)ရက်နေ့ ည (၁၀)နာရီအချိန်က စစ်ကောင်စီတပ်ရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)စခန်းဟောင်းအနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အရင် စစ်ကောင်စီရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)စခန်းဟောင်း (၅)မိုင်ဂိတ်ရှေ့မှာ (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိတာ။ အဲ့ဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာ” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ (၁၄၈)စခန်းဟောင်း (၅)မိုင်ဂိတ်ရှေ့မှာ လယ်ဦးရွာနေ (၂၅)နှစ်အရွယ် မိုင်းအောင်အောင်ဆိုသူဟာ စွန့်လွှတ်မိုင်းနင်းမိကာ ညာခြေတဖက်ပြတ်သွားသလို ဘယ်ဘက်ပေါင်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းနင်းမိခဲ့တဲ့ အမျိုးသားဟာ ပြင်းထန်ဒဏ်ရာတွေနဲ့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် မေလ (၁၅)ရက်နေ့ကလဲ မူဆယ်မြို့မှာ တုန်ခမ်းကျေးရွာက အမျိုးသားတစ်ဦး နွားကျောင်းပြီး အနားယူနေချိန် မိုင်းဖိမိပြီး ပေါက်ကွဲကာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
