ဇန်နဝါရီလ (၃၀)ရက်။
တောင်ပိုင်းစစ်ဒေသခွဲ(၃)ရှိ ကျားဖြူစစ်ကြောင်းနဲ့ ဂဋ္ဌုန်စစ်ကြောင်းတို့ဟာ PDF တပ်ရင်း/တပ်ဖွဲ့တွေအဖြစ်ကနေ နှုတ်ထွက်သွားပြီလို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဂဋ္ဌာန်စစ်ကြောင်း(P29908)နဲ့ ဂဋ္ဌုန်စစ်ကြောင်း(P29909)တို့ဟာ နှုတ်ထွက်သွားတာကြောင့် NUG ကာကွယ်ရေးဝန်ကြီးရဲ့ ကွက်ကဲမှုအောက်မှာ မရှိတော့ဘူးလို့ ဆိုပါတယ်။
ဒါ့ကြောင့် ကျားဖြူတပ်ရင်းအနေနဲ့ အတည်ပြုဖွဲ့စည်းထားတဲ့ အမှတ်(P29909)ကို Southern Eagle တပ်ရင်းအနေနဲ့ သတ်မှတ်လိုက်တယ်လို့ တောင်ပိုင်းစစ်ဒေသက အသိပေးထားပါတယ်။
ကျားဖြူစစ်ကြောင်းနဲ့ ဂဋ္ဌုန်စစ်ကြောင်းတို့ဟာ ကရင်ပြည်နယ်ထဲ အခြေချတိုက်ပွဲဝင်နေပြီး KNLA နဲ့ KNDO တို့အပါအဝင် တော်လှန်ရေးတပ်တွေနဲ့ လက်တွဲတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေဖြစ်ပါတယ်။
အဲ့ဒီစစ်ကြောင်းတွေဟာ ကြာအင်းကြီးဆိပ်တိုက်ပွဲတွေ မြဝတီနဲ့ ကောကရိတ်မြို့တို့က မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ကာ အခုလို နှုတ်ထွက်တာနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ပြောဆိုထားကြတာမရှိဘူးလို့ သိရပါတယ်။