ဇန်နဝါရီလ (၃၀)ရက်။
ပုသိမ်မြို့နယ်၊ ချောင်းသာမြို့နယ်ခွဲက အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက အခြေခံစစ်ပညာသင်တန်းပေးဖို့ စီစဉ်နေတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ချောင်းသာမြို့နယ်ခွဲက ရပ်/ကျေးအုပ်ချုပ်ရေးမှူတွေကို စစ်ကောင်စီက စစ်ပညာသင်တန်းမပေးဘဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး လက်နက်ကိုင်ဆောင်ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။
ဒါ့ကြောင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူတွေကို လာမယ့် ဖေဖော်ဝါရီလ (၅)ရက်နေ့ အမှတ်(၆)လေ့ကျင့်ရေးတပ်မှာ စစ်ကောင်စီက အခြေခံစစ်ပညာ သင်တန်းသင်ကြားပေးသွားဖို့ စီစဉ်နေတာလို့ သိရပါတယ်။
ပုသိမ်ခရိုင် ရွှေသောင်ယံဘက်မှာ အာရက္ခတပ်တေယ်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအချို့ဖြစ်ပွားနေကာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ AA က ဧရာဝတီ-ရခိုင်အစပ်ရှိ နေရာတွေကို ချီတက်ထိုးစစ်ဆင်လာတဲ့ သတင်းဓါတ်ပုံတွေ ထုတ်ပြန်ခဲ့တာကြောင့် စစ်ကောင်စီက လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်။
AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲတွေ ရှိနေတာကြောင့် ချောင်းသာကမ်းခြေကို လာရောက်လည်ပတ်သူ မရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။