ဇန်နဝါရီလ (၃၀)ရက်။
မနေ့က ညပိုင်းအချိန်က ယောကာကွယ်ရေးတပ်(YDF)ရဲ့ ဒရုန်းတပ်ခွဲစခန်းကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ YDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို စကစက နေပြည်တေယ် အေလာလေတပ်ကနေတက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ ည(၉)နာရီ (၁၈)မိနစ်မှာ ပေါင်(၂၅၀)ဗုံး (၁)လုံးနဲ့ ည(၁၂)နာရီကျော်မှာ (၃)လုံး စုစုပေါင်း (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို ည(၉)နာရီ (၁၈)မိနစ်အချိန်က ပေါင် (၂၅၀)ဗုံး (၁)လုံး၊ ည(၁၂)နာရီ (၁၅)မိနစ်အချိန်က ပေါင် (၂၅၀)ဗုံး (၄)လုံးနဲ့ နေပြည်တော် အေလာလေတပ်ကနေ ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒရုန်းတပ်စခန်းရှိ စစ်ရေးသုံးပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့သလို စခန်းမှာ ဘုရားအလှူငွေပုံး ဖောက်ထွင်းလို့ ယာယီထိန်းသိမ်းထားတဲ့ ရာဇဝတ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ယောနယ်ထဲ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်တွေ အထူးဂရုစိုက်ဖို့ လိုအပ်လာပြီဖြစ်ကာ လိုအပ်ရင် ကတုတ်ကျင်းတွေ တူးထားဖို့နဲ့ လုံခြုံမယ့်နေရာတွေကို ကြိုတင်ရှာဖွေထားဖို့ အသိပေးထားပါတယ်။
နောက်ပြီး စစ်အာဏာရှင်အဆက်ဆက်ဟာ သူတို့အာဏာမစွန့်လွှတ်ရဖို့အတွက် ပြည်သူတွေအပေါ် ရက်စက်ယုတ်မာကြဖို့ လက်တွန့်မှာမဟုတ်တဲ့အတွက် အသိပေးချက်ကို အလေးထားလိုက်နာဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် YDF အနေနဲ့ မကြာမီ စစ်ရေးအရှိန်မြှင့်တင်ပြီး တိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ဘေးအန္တရာယ်တွေကို ကြိုတင်ပြင်ဆင်ထားရမယ့်အချိန်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။