ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အောင်ပန်းမြို့၊ အမှတ်(၄) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးရှိ “ အောင်ပန်းဟိုတယ်” မှာ ပြိုကျပျက်စီးသွားပြီး လူများ ပိတ်မိနေခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်လျက်ရှိရာ ဒီနေ့ မတ် ၃၀ ရက်နေ့အထိ (၂၀) ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးနေသူ (၉) ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း သယ်ထုတ်ပေးနိုင်ခဲ့တယ်လို့သိရပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။



