နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

1027 Operations

1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

ဧပြီလ (၃၀)ရက်။

မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တောင်ခမ်းရွာ (၉၀၂)တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေချိန် စကစတပ်က အဆိပ်ငွေ့ဗုံး (၁၁)လုံးနဲ့ ၁၂၀မမ လက်နက်ကြီး (၂၆)လုံး ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကြီးတွေကို (၉၀၂)နဲ့ (၄၅၃)တပ်စခန်းကနေ ပစ်ခတ်တာ” လို့ ဆိုပါတယ်။

တောင်ခမ်းရွာတိုက်ပွဲထဲ နံနက် (၈)နာရီကနေ နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန်အထိ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချခဲ့သလို (၉၀၂)နဲ့ (၄၅၃)တပ်စခန်းကနေ ၁၂၀မမ လက်နက်ကြီး (၂၆)လုံး ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အပစ်ရပ်ကာလကို ဧပြီလကုန်အထိ ထပ်တိုးထားပေမယ့် TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို အင်အားဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာ၊ တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂၄)ရက်နေ့ကလဲ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ အဆိပ်ငွေ့ဗုံး (၈)လုံးနဲ့ ဗုံး (၂၇)လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ ငလျင်ကြောင့် ကယ်ဆယ်ရေးနဲ့ ပုန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဖို့အပါအဝင် နိုင်ငံ တည်ငြိမ်အေးချမ်းဖို့ အခုလကုန်အထိ အပစ်ရပ် ကြေညာချက်နဲ့ လက်တွေ့လုပ်ရပ်က ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတာလို့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ဘယ်သူတွေကလမ်းမှားလျှောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 16 Views
NUG ကလမ်းတွေပျောက် တပ်ပေါင်းစုကလမ်းမှန်ရောက်” ဒီအပတ်တနင်္ဂနွေနေ့ ဆွေးနွေးမဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များဆွေးနွေးတင်ဆက်မှု (၂၆)ကြိမ်မြောက်အဖြစ်ခေတ်မျက်လုံးက စစ်ခေါင်းဆောင်က NCA သဘောတူညီမှုကနေ ထွက်သွားသူများဟာလမ်းမှားလျှောက်နေသူများဖြစ်တယ်ဆိုတဲ့ပြောဆိုချက်၊ NUG သမတကြီးဒူးဝါးလရှီးလ
မြန်မာသတင်း

ဂျက်ဖရီအက်ဖ်ဖိုင်များထဲတွင် ဘာတွေပါဝင်သလဲ?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 31 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက် အမေရိကန် တရားရေးဌာန (DOJ) က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ
မြန်မာသတင်း

မင်းတပ်မြို့မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်မလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၀)ရက်။ မင်းတပ်မြို့မှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလထဲ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် မင်းတပ်မြို့ထဲ အဲ့ဒီကာလတွေမှာ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့
မြန်မာသတင်း

ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အသီးသီးကို KSPP မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 31 Views
ဒီဇင်ဘာလ (၂၀)ရက်။ ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အစည်းအသီးသီးကို ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က မနေ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ KSPP ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်စဉ်တိုင်းမှာ အစဉ်အမြဲပါဝင်နေတဲ့ပါတီလို့
မြန်မာသတင်း

စဉ့်ကူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 23 Views
ဒီဇင်ဘာလ (၂၀)ရက်။ ‌မနေ့က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စဉ့်ကူးတမြို့လုံးကို ပြန်လည်းသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာတို့ကို ပြန်လည်သိမ်းပိုက်ရရှိဖို့ စစ်ကြောင်းတွေခွဲပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ
မြန်မာသတင်း

အခုနှစ်ကုန်ပိုင်းကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ကြောင်း KA သတိပေးချက်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 33 Views
ဒီဇင်ဘာလ (၁၉)ရက်။ ဒီကနေ့ကစပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့အထိ အရေးကြီးကာလအနေနဲ့ ကရင်နီပြည်‌တပ်‌မတော်(KA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေးချက်ထုတ်ပြန်ထားတယ်လို သိရပါတယ်။ KA စစ်ဦးစီးချုပ်က အဲ့ဒီကာလကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ထားတာကို ကရင်နီပြည်သူ၊ ကရင်နီပြည်နယ်
မြန်မာသတင်း

NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့သူအချို လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 39 Views
ဒီဇင်ဘာလ (၁၉)ရက်။ တိုင်ရင်းသားလက်နက်ကိုင်အဖွဲတွေ NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့ပေမယ့် အချိုက လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က ဒီကနေ့ ကရင်ပြည်နယ်နေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ စစ်တပ်အနေနဲ့ NCA ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ
မြန်မာသတင်း

လူမျိုးစုအားလုံး တော်လှန်ရေးတိုက်ပွဲမှာ အတူလက်တွဲရပ်တည်ဖို KNU ဥက္ကဋ္ဌ တိုက်တွန်းဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 42 Views
ဒီဇင်ဘာလ (၁၉)ရက်။ ကရင်လူမျိုးတွေသာမက လူမျိုးစုအားလုံး တော်လှန်ရေးတိုက်ပွဲမှာ အတူရပ်တည်ပြီး အောင်မြင်မှုကို အတူရယူကြဖို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာကျရောက်တဲ့ ကရင်အမျိုးသားနေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ တိုက်တွန်းထားတယ်လို သိရပါတယ်။ လူမျိုးစုတွေအနေနဲ့ အခုအခြေအနေကို သဘောပေါက်နားလည်လက်ခံပြီး လက်တွေ့ရင်ဆိုင်ကာ