နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

စဉ့်ကူးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ

ဇန်နဝါရီလ (၃၁)ရက်။

ဒီကနေ့ နံနက်(၁၂)နာရီ (၁၅)မိနစ်အချိန်က စဉ့်ကူးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ စဉ့်ကူးမြို့နဲ့ အနီးဝန်းကျင်က တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ အလှမ်းကွာတဲ့နေရာတစ်ခုပါ။ အခု မြို့ပေါ်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက အကြောင်းမဲ့သက်သက် တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။

အခုလိုတိုက်ခိုက်တာဟာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အများပြည်သူနဲ့သက်ဆိုင်တဲ့ မြို့နယ်ပြည်သူ့ဆေးရုံကို အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဆေးရုံအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တာကို တွေ့ရှိရပေမယ့် အသေးစိတ်ကိုတော့ ထည့်သွင်းရေးသားထားတာ မရှိသေးပါဘူး။

စစ်ကောင်စီဟာ အခုရက်ပိုင်းထဲ ပြည်သူ့ဆေးရုံတွေကို ဦးတည်တိုက်ခိုက်နေတာကို တွေ့ရှိရပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်မြို့အနောက်ပိုင်းရှိ NUG ရဲ့ အောင်ဆန်းတက္ကသိုလ် လေကြောင်းတိုက်ခိုက်ခံရ၊ CDM ကျောင်းသူတစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 1 Views
ဇန်နဝါရီလ (၃၁)ရက်။ ဇန်နဝါရီလ (၃၀)ရက်နေ့ နံနက် (၁)နာရီအချိန်က မြိုင်မြို့နယ်အနောက်ပိုင်းရှိ NUG ရဲ့ အောင်ဆန်းတက္ကသိုလ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီက အရေးပေါ်ကာလ (၆)လထပ်တိုး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 5 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒီကနေ့ နေပြည်တော်မှာ စစ်ကောင်စီက ကာ/လုံအစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလ (၆)လ ထပ်တိုးလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အစည်းအဝေးကို
မြန်မာသတင်း

KNU ဌာနချုပ်အနီး စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 5 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲကျော်အချိန်က တပ်မဟာ(၇)နယ်မြေရှိ KNU ဌာနချုပ်ရဲ့ ကလို့ယော်လေးကွင်းပြင်အနီးကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းတွေထံက သိရပါတယ်။ “ နံနက်(၇)နာရီခွဲကျော်မှာ တစ်လုံးကျတယ်၊ နောက်တစ်လုံးက (၁၀)မိနစ်လောက်ပဲခြားတယ်။ အသံကလဲ
မြန်မာသတင်း

နေပြည်တော်မှာ စစ်ခေါင်းဆောင် ဦးဆောင်ပြီး ကာ/လုံအစည်းအဝေးပြုလုပ်၊ အရေးပေါ်ကာလ ထပ်တိုးဖို့ရှိနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 6 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး နေပြည်တော်မှာ စစ်ကောင်စီက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)အစည်းအဝေးကို ခေါ်ယူကျင်းပနေတယ်လို့ သိရပါတယ်။ အဲ့ဒီကာ/လုံအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ပြီး ပြုလုပ်နေကာ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်လဲ ပါဝင်တက်ရောက်နေတယ်လို့ စစ်ကောင်စီသတင်းတွေက ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 9 Views
ဇန်နဝါရီလ (၃၁)ရက်။ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာကျရောက်တဲ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပြည်သူတွေ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲတွင်းထဲရောက်ရောက်၊ တွန်းလှန်ဆန့်ကျင်သူတွေ ဘယ်လောက်များများ ဗမာစစ်တပ်က
မြန်မာသတင်း

ဓါတ်အားထုတ်လုပ်တာ ကျဆင်းနေပြီး လျှပ်စစ်ဓါတ်အားလိုအပ်ချက် ပိုမိုမြင့်မားလာတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 8 Views
ဇန်နဝါရီလ (၃၁)ရက်။ အခုအခါ ဓါတ်အားထုတ်လုပ်တာတွေ ကျဆင်းနေပြီး လျှပ်စစ်ဓါတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားနေတယ်လို့ စစ်ကောင်စီဝန်ကြီး တင်အောင်စန်းက မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုလို ဓါတ်အားထုတ်လုပ်တာတွေ ကျဆင်းရတဲ့ အကြောင်းအရင်းဟာ ရေအားလျှပ်စစ်နဲ့ အပူစွမ်းအင်သုံး
မြန်မာသတင်း

နွားထိုးကြီးမြို့တိုက်ပွဲ စစ်ကောင်စီဘက်က (၂၀)ကျော်သေဆုံးပြီး (၈)ဦးဖမ်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 6 Views
ဇန်နဝါရီလ (၃၁)ရက်။ မနေ့က နံနက်ပိုင်းအချိန်က နွာထိုးကြီးမြို့ ပြင်စည်ရွာကထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀)ခန့်ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြင်စည်ရွာကနေထွက်လာတဲ့ စကစစစ်ကြောင်းကို မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြားမှာ
မြန်မာသတင်း အမေရိကန်

အမေရိကန်ရဲ့ ထောက်ပံ့တာတွေ ဆိုင်းငံ့တဲ့အပေါ် ပြန်ရအောင် ဆောင်ရွက်မယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 7 Views
ဇန်နဝါရီလ (၃၀)ရက်။ မြန်မာအတွက် ထောက်ပံ့ကူညီတာတွေက အမေရိကန်အနေနဲ့ လုပ်သင့်တဲ့ ဦးစားပေးဆိုတာကို ဆက်သွယ်ပြောဆိုသွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ မြန်မာပြည်အရေးနဲ့ပတ်သက်လို့ ထောက်ပံ့တာတွေက အမေရိကန်ပြည်ထောင်စုအတွက် လုပ်သင့်လုပ်ထိုက်တဲ့