ဇန်နဝါရီလ (၃၁) ရက်။
စစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရလို့ဆိုပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကို ပြည်ထဲရေးဝန်ကြီးအဖြစ်နဲ့ ပြည်ထဲရေးဝန်ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တယ်လို့ ဒီနေ့ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ အမိန့်အမှတ် (၉/၂၀၂၅) နဲ့ ထုတ်ပြန်လာပါတယ်။
အဲ့ဒီအပြင် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံနဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့ကို တာဝန်ကနေ အနားယူခွင့်ပြုလိုက်တယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးနေမျိုးလှိုင်ကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး Jeng Peng နော်တောင်ကို အားကစားနှင့် လူငယ်ရေးဝန်ကြီးအဖြစ်နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ခွန်သန့်ဇော်ထူးကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်
တာဝန်မှအနားယူခွင့်ပြုလိုက်သည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်
တာဝန်မှအနားယူခွင့်ပြုလိုက်သည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံ
တာဝန်မှအနားယူခွင့်ပြုလိုက်သည့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်