နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

အစ္စလာမ်ဘာသာဝင်အများအပြား ငလျင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်

မတ်လ (၃၁)ရက်။

အစ္စလာမ်ဘာသာဝင် အများအပြား ငလျင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့အပေါ် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ NUG ရဲ့ ဒီကနေ့မှာကျရောက်တဲ့ အီဒွလ်ဖိသ်ရ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။

မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံထဲ ထိခိုက်ပျက်စီးတာ ကြီးမားခဲ့ပြီး ဘုရားကျောင်းကန် စေတီပုထိုးတွေ၊ သာသနိကအဆောက်အအုံတွေ၊ ဗလီဝတ်ကျောင်းတော်တွေ ပြိုကျပျက်စီးခဲ့ရပြီး အသက် သေဆုံးတာနဲ့ ဒဏ်ရာရတာတွေလဲ စိုးရိမ်စရာအခြေအနေအထိ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ချိန်ဟာ သောကြာနေ့ ဝတ်ပြုချိန်(ဂျွမ္မာဆွလာသ်)နဲ့ တိုက်ဆိုင်နေခဲ့ပြီး အစ္စလာမ်ဘာသာဝင် အများအပြား သေဆုံးခဲ့ရတဲ့အပေါ် ယူကြုံးမရဖြစ်ကာ ကာယကံရှင်မိသားစုဝင်တွေနဲ့အတူ ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ နေ့တိုင်း လူမဆန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အစ္စလာမ်ဘာသာဝင် အပေါင်းတို့ဟာ ရမဒန်ဥပုသ်လကို စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်တာမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီကနေ့ကျရောက်တဲ့ အီဒွလ်ဖိသ်ရ် ဝါကျွတ် အီးဒ်နေ့ထူးနေ့မြတ် အချိန်အခါမှာ အဖက်ဖက်ကချိနဲ့ကာ ဝမ်းနည်းပူဆွေးနေရတဲ့ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်‌တွေအားလုံး ဘေးအပေါင်းကနေ ကင်းဝေးကြစေဖို့ကိုလဲ သဝဏ်လွှာမှာ ဆုတောင်းမေတ္တာပို့သထားပါတယ်။

ငလျင်ဘေးကြောင့် ထိခိုက်ဒဏ်ရာရသူတွေကြိ အသက်ဘေးက လွတ်မြောက်စေဖို့ အစွမ်းကုန်ကူညီကြဖို့နဲ့ ငလျင်ဒဏ်သင့်ဒေသတွေနဲ့ ဆက်စပ်တဲ့ ခရိုင်တွေထဲ ထိုးစစ်အားလုံး နှစ်ပတ်ကြာ ရပ်ဆိုင်းထားဖို့အပြင် လိုအပ်တဲ့ အကူအညီနဲ့ ကာကွယ်စောင့်ရှောက်တာတွေပေးဖို့ NUG က ညွှန်ကြားထားပါတယ်။

အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ရမည်းသင်းအပါအဝင် နိုင်ငံအလယ်ပိုင်းရှိ ဗလီ (၅၀)ထက်မနည်း ပြိုကျပျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင် (၅၀၀)ကျော် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာရက္ခတပ်တော် (AA)မှ စစ်သုံပန်းတချို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 8 Views
၂၀၂၆ခုနှစ်၊မတ်လ (၂၀)ရက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် အာရက္ခတပ်တော်၊ အာလဖာ (၁) စစ်ဒေသတွင် စစ်သုံပန်းတချို့နှင့်
မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung
မြန်မာသတင်း

စစ်တပ်ရဲ့ သမ္မတရွေးချယ်ပွဲ အခုလကုန်မှာလုပ်မယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 18 Views
မတ်လ (၂၀)ရက်။ အခု မတ်လ (၃၀)ရက်နေ့မှာ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်သွားဖိုရှိနေတယ်လို သတင်းထုတ်ပြန်ထားတာတွေအရ သိရပါတယ်။ သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ်ဖို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲအလိုက် အစည်းအဝေးကို
မြန်မာသတင်း

ရှမ်းမန်းစစ်ဆင်ရေးထဲပါဝင်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 20 Views
မတ်လ (၂၀)ရက်။ မတ္တရာအခြေစိုက် ဒေသကာကွယ်ရေးတတပ်တခုဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲဟာ PDF ကွပ်ကဲမှုအောက် ဝင်ရောက်ပူးပေါင်းလာခဲ့တယ်လို MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမျိုးမှန်တပ်ဖွဲဟာ ရှမ်းမန်းစစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်အပါအဝင် PDF တပ်ရင်း၊ တပ်ဖွဲ၊
မြန်မာသတင်း

အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတွေ စစ်မှုထမ်းဖို CNF တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 12 Views
မတ်လ (၂၀)ရက်။ အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတိုင်း စစ်မှုထမ်းဖို ချင်းအမျိုးသားတပ်ဦး(CNF)က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲကနေတဆင့် အတုအယောင်လွှတ်တော်နဲ့ စစ်တပ်အခွံလဲအစိုးရကို ဖွဲစည်းပြီး စစ်အုပ်စုအာဏာတည်ဖို နည်းလမ်းပေါင်းစုံနဲ့ ပြည်သူနဲ့ နိုင်ငံတကာကို
မြန်မာသတင်း

PDF (၅၀၀)ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
မတ်လ (၁၉)ရက်။ PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။ အလင်းဝင်လာတဲ့ PDF အဖွဲဝင်တွေကို ဒီကနေ့ မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းအချိန်က မိဘတွေဆီ ပြန်လည်အပ်နှံတဲ့
မြန်မာသတင်း

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် မတ်လ (၂၀)ရက်မှာ ကျင်းပမယ်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 24 Views
မတ်လ (၁၉)ရက်။ စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတနဲ့ ဒုသမ္မတကို ရွေးချယ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့အလိုက်
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ်နဲ့ မင်းအောင်လှိုင် တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 26 Views
မတ်လ (၁၉)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ် General UKris Boontanondha နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိင်တို တွေ့ဆုံခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မင်းအောင်လှိင်က တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ