မတ်လ (၁)ရက်။
အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၇၃၃၇)ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းအမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကော်မရှင်က လွတ်ငြိမ်းမိန့်နဲ့ ပြန်လွှတ်ပေးတဲ့သူတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ၅၂(က)တိုနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းတွေမှာ ပြစ်ဒဏ်ကျခံနေရသူတွေလို ဆိုပါတယ်။
အဲ့ဒီသူတွေကို နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် အဲ့ဒီပြစ်ဒဏ်အပြင် အခုကျခံဖို ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုပြီး သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပေးတာလို ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီပုဒ်မတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၅၁၂)နဲ့ တရားစွဲဆိုခံထားရတဲ့ (၁၂၄၈၇)ရဲ့ ကြားနာဆဲ အမှုပေါင်း (၉၅၃၂)အမှုကို ပိတ်သိမ်းခဲ့တယ်လို ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းမိန့်ထဲ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)နဲ့ အကျဉ်းသား/သူ (၂၈၂၅)ဦးကိုလဲ ပြစ်ဒဏ်လျှော့ပေါ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို ပြောဆိုထားပါတယ်။
စစ်ကော်မရှင်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ထဲ လက်နက်ဥပဒေတွေ၊ မူးယစ်ဆေးဝါးမှု၊ သဘာဝဘေးမှုနဲ့ အဂတိမှုတွေ မပါဝင်ဘူးလို ထုတ်ပြန်ထားချက်အရ သိရပါတယ်။








