ဖေဖော်ဝါရီလ (၅)ရက်။
ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya Mon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ (၃)ရက်နေ့ နံနက် (၅)နာရီလောက်မှာ စကခ(၁၉)ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ကျောင်းရွာကျေးရွာအခြေစိုက် ခမရ(၅၉၁)တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
ခမရ(၅၉၁)တပ်ရင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က (၄)ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီတိုက်ပွဲဟာ မိနစ် (၃၀)ခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ရာမညမွန်တပ်တော် တပ်ရင်း(၉၀၄)၊ KNLA တပ်ရင်း (၂၇)နဲ့ YGF အမှတ် (၈၀၀၁) တပ်ရင်းတို့ ပူးပေါင်းပါဝင် ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








