ဧပြီလ (၆)ရက်။
ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့ ရင်းနှီးသူ မင်းမင်းစိုးဆိုသူက လာရောက်ခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို လာရောက်ခေါ်ဆောင်ပြီး ပျောက်ဆုံးခဲ့တာကြောင့် ရှာဖွေခဲ့ရာ (၄)ရက်အကြာမှာ ပြည်သူ့ဆေးရုံဝင်းရှိ ဝန်ထမ်းအိမ်ရာတခုရဲ့ အခန်းတနေရာမှာ ပုတ်ပွနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် မင်းမင်းစိုးကို မြို့နယ်ပလဖက ဖမ်းဆီးစစ်ဆေးခဲ့ရာ ကျူးလွန်ခဲ့တာ မှန်ကန်တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ (၃၇၆)၊ (၃၀၂)၊ (၂၀၁)တို့နဲ့ မြို့နယ်တရားရုံးမှာ စွဲချက်တင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီအမှုကို (၅)လကျော်ကြာ စစ်ဆေးခဲ့ပြီး ဧပြီလ (၂)ရက်နေ့မှာ ကျူးလွန်သူ မင်းမင်းစိုးကို NUG မြို့နယ်တရားရုံးက သက်ငယ်မုဒိန်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်မှုတို့နဲ့ သေဒဏ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
အခုလို မိန်းကလေးငယ်ကို မုဒိန်းကျင့် လူသတ် အလောင်းဖျောက်တဲ့အမှုနဲ့ပတ်သက်ပြီး ကျုးလွန်သူကို သေဒဏ်ချမှတ်ဖို့ လှည့်လည်ဆန္ဒထုတ်ဖော်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။








