ဧပြီလ (၇)ရက်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တင်မောင်ဆွေ၊ ကံဇော်၊ ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ သန်းမောင်၊ သီတာဦး၊ ချောချောစိန်နဲ့ မျိုးသိန်းကျော်တို့ ပါဝင်ပါတယ်။
နောက်ပြီး သက်ခိုင်ဝင်း၊ သက်သက်ဇင်၊ ထိန်လင်း၊ တင်ဦးလွင်၊ မင်းနောင်၊ မျိုးဇော်သိမ်း၊ ဆန်းဦး၊ ကိုကိုလွင်၊ ချာလီသန်း၊ မြင့်ကြိုင်၊ ခင်မောင်စိုး၊ ထွန်းအုံ၊ ရဲမြင့်ထွန်း၊ မောင်သင်း၊ မျိုးသန့်၊ ဒေါက်တာစိုးဝင်းနဲ့ မောင်မြင့်တို့ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ သူဖွဲ့စည်းမယ့် ဝန်ကြီးဌာန (၃၁)ခုကို လွှတ်တော်ကို တင်ပြခဲ့ပြီးနောက် ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းကို လွှတ်တော်ကို တင်ပြခဲ့တာပါ။
အခုလို မင်းအောင်လှိုင် တင်သွင်းတဲ့ ဝန်ကြီးစာရင်းတွေနဲ့ပတ်သက်ပြီး ကန့်ကွက်ချင်ရင် မနက်ဖြန် ဧပြီလ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းဖို့ ကြေညာထားပါတယ်။
ဒါပေမယ့် မင်းအောင်လှိုင်ကိုယ်တိုင် စိတ်ကြိုက်ဖွဲ့စည်းတဲ့ ဝန်ကြီးဌာနတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ ကန့်ကွက်တာတွေရှိခဲ့ပေမယ့် လွှတ်တော်နာယက အောင်လင်းဒွေးက ပယ်ချခဲ့ပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်ဟာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌအနေနဲ့ ခင်နိုင်ဦး၊ ဒုဥက္ကဋ္ဌ (၃)ဦးနဲ့ ဒါရိုက်တာအဖွဲ့ဝင် (၅)ဦးရဲ့ နာမည်စာရင်းနဲ့ အဂတိကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ဦးစိုးသိန်းအပါအဝင် အဖွဲ့ဝင် (၉)ဦး နာမည်စာရင်းကို တင်ပြခဲ့တယ်လို့လဲ သိရပါတယ်။








