နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

“ စစ်ကိုင်းမှာNUGဘာကြောင့်စစ်မတိုက်တာလဲ?

မတိုက်ချင်တာလား- မတိုက်ရဲတာလား?

ဒီအပတ်ခေတ်မျက်လုံးရဲ့ပြောကြားမဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ခြင်း အပိုင်း (၃၇)မှာ စစ်ကိုင်းမှာNUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား?ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်.။

စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာရှိတဲ့ဗိုလ်နဂါးဦးစီးထားတဲ့ အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ပကဖနဲ့တပ်ရင်းတွေ လူထောင်ချီသုံးပြီးစစ်ဆင်တိုက်ခိုက်ပြီး ခြေမှုန်းပစ်ခဲ့သလို ဗိုလ်နဂါးနဲ့အညာညီနောင်အဖွဲ့အဖြစ်ဖွဲ့စည်းထားတဲ့ GZ Armyစခန်းကိုလည်း တိုက်ခိုက် သိမ်းပိုက် ခဲ့ကြတယ်။

ဘုံရန်သူကိုတိုက်နေသူအချင်းချင်းပြန်တိုက်ပြီး လူထောင်ကျော် အင်အားရှိတဲ့ BNRAကို ဖျက်စီးလိုက်နိုင်ပေမဲ့ အခုအခါပုလဲနယ်အတွင်းကိုရန်သူစစ်အုပ်စုကစစ်ကြောင်း၂ကြောင်းနဲ့ တကြောင်းမှာလူအင်အား ၂၀၀ လောက်နဲ့စစ်ထိုးလာတဲ့အခါ ပသုံးလုံးတွေနဲ့ ယင်းမာပင် တပ်ရင်းတွေ ရှောင်ပြေးနေကြတာတွေ့ရတယ်။

တဖက်မှာလည်း ကိုယ်တပ်ကရဲမေတယောက်အပေါ် မုဒိမ်းမှုကျူးလွန်တာကို အကာအကွယ် မပေးတဲ့အပြင် ထပ်မံအပြစ်ပေးအရေးယူဖို့ ရိုးမရာဇာတပ်ရင်း (၂၀)က တပ်ရင်းမှူးရန်ရှင်းကလုပ်ဆောင်လာတယ်။

တပ်ပေါင်းစုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA နဲ့ NUG ဆွေးနွေးခဲ့ ကြပြီး ကိုယ့်တော်လှန်ရေးအဖွဲ့အချင်းချင်း သေနတ်မဖောက်ကြဖို့ ဆွေး‌‌နွေး သဘောတူညီ ခဲ့ကြတယ်ဆိုတဲ့ သတင်းထွက်လာခဲ့ပြီး ဖင်မနွေးခင် SRA အဖွဲ့ဝင် NLAအဖွဲ့ကို NUGက ဖမ်းဆီးတာတွေ လုပ်ခဲ့ပြန်တယ်။

ဒီအကြောင်းတွေကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဒီည မတ်လ ၈ရက်နေ့ မြန်မာစံတော်ချိန် ည၇နာရီခွဲမှာ ခေတ်မျက်လုံး ရဲ့ Era’s Eye YouTube Channel ကနေ ဆွေး‌နွေးတင်ပြကြမှာဖြစ်ပါတယ်။

အချိန်ကျရင်အောက်ပါလင့်ကိုကလစ်လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။

https://www.youtube.com/@eraseyechannel

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 14 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 15 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 11 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 14 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ