မတ်လ (၉)ရက်။
မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။
နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး ဘယ်သူမှ လက်နက်ကိုင်ဆောင်ခွင့်မပြုဘူးလို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလဲ မင်းဘူးနယ်ထဲက လူငယ်တွေအနေနဲ့ စစ်အာဏာရှင်လက်ပါးစေတွေရဲ့ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးတာ မခံရဖို့ လွတ်မြောက်နေရာတွေမှာ နေကြဖို့နဲ့ မလိုအပ်ဘဲ မြို့ပေါ် သွားလာတာမလုပ်ဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။








