ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့
မတ်လ (၉)ရက်။
မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က ညောင်လေးပင်မြို့ရှိ ကျေးရွာတွေကို စစ်ကြောင်း (၄)ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အင်အား (၁၀၀)ပါတဲ့ စစ်ကြောင်း (၄)ကြောင်းနဲ့ စစ်တပ်ရဲ့ တပ်မ (၇၇)ဦးဆောင်ပြီး ကာမေကာဇေ၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေယာဉ်တွေသုံးပြီး ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းရွာတွေကို စစ်ကြောင်းထိုးဝင်လာတာ” လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ တပ်မ (၇၇)ဦးဆောင်တဲ့ အင်အား (၁၀၀)ပါ စစ်ကြောင်း (၄)ကြောင်းဟာ ကာမေကာဇီ၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေယာဉ်တွေ အသုံးပြုပြီး ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေထဲရှိ ပြည်သူ (၃၀၀)ကျော်ကို ဓါးစာခံအနေနဲ့ ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်စစ်ကြောင်းရဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေကြောင့် ကလေး (၃)ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁)ဦးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ (၄၀)ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။







