ဇန်နဝါရီလ (၁၀)ရက်။
တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။
၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိင်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်လို ဆိုပါတယ်။
အခုလို တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ နိုင်ငံအတွက် ကောင်းကျိုးမဖြစ်တဲ့ တိုက်ခိုက်တာတွေ၊ တောင်းဆိုတာတွေက ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့ အကြမ်းဖက်စနစ်ဖြစ်သလို ကိုယ်တိုင်ဒုက္ခပေးနေကာ သတိထားဆင်ခြင်ဖိုဆိုပြီး ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အခုအချိန်ဟာ ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ရမယ့် အချိန်အခါလို ရေးသားထားပါသေးတယ်။
နောက်ပြီး ပါတီစုံဒီမိုကရေစီစနစ် ခိုင်မြဲစေဖို ဒေသနဲ့ တိုင်းရင်းသားတွေအကျိုးကို တရားဥပဒေနဲ့အညီ ဆွေးနွေးနိုင်ဖိုအတွက် တိုင်းရင်းသားကိုယ်စားလှယ်တွေ နိုင်ငံရေးစင်မြင့်မှာ ပိုမိုပါဝင်ဖို သူက ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်နယ်ထဲရှိ လက်နက်ကိုင်အဖွဲတွေအနေနဲ့ ပြည်နယ်အကျိုး၊ ပြည်နယ်ထဲရှိ ဒေသခံပြည်သူတွေအကျိုးကို ရှေးရှုပြီး တိုက်ပွဲတွေ ရပ်တန့်ဖို အချိန်အခါသင့်ပြီလိုလဲ ထည့်သွင်းတိုက်တွန်းထားပါတယ်။
တဖက်မှာလဲ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံရေးထွက်ပေါက်အနေနဲ့ အတုအယောင်ရွေးကောက်ပွဲတရပ် ပြုလုပ်နေလို တော်လှန်ရေးတပ်ဖွဲတွေဘက်ကလဲ စစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို သိရပါတယ်။








