နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းနဲ့သာ ဖြေရှင်းဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆို

မတ်လ (၁၁)ရက်။

တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြား ရန်သူလို လက်နက်ကြီးငယ်နဲ့ ခြိမ်းခြောက်ဖြေရှင်းတာတွေ တနေ့တခြား ပိုတွေ့လာတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခု ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်ပြီး ဘုံရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ဖြစ်သလို ဘုံရန်သူကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးတွေအားလုံးဟာ တလှေထဲစီး တခရီးထဲသွားနေတဲ့ မဟာမိတ်တွေလို့ ဆိုပါတယ်။

ဒီလို မဟာမိတ်အင်အားစုတွေကြား စစ်အင်အားနဲ့ ဖြေရှင်းတာဟာ ရန်သူအပေါ် သဘောထားနဲ့ ဆင်တူနေသလို လက်နက်အားကိုးနဲ့ ဖြေရှင်းတာဟာ စစ်ဝါဒီရန်သူရဲ့ နည်းလမ်းလို့ သတိပေးထားပါတယ်။

နောက်ပြီး အဲ့ဒီလုပ်ရပ်တွေဟာ ပြည်သူနဲ့ တော်လှန်ရေးတစုံလုံးအပါအဝင် ဘယ်လိုတော်လှန်ရေးအင်အားစုတွေအတွက်မှ အကျိုးမရှိဘဲ ရန်သူ အမြတ်ထုတ်နိုင်ဖို့သာ ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။

အခုအခါ တော်လှန်ရေးအဖွဲ့အချင်းချင်း စစ်ရေးတိုက်ပွဲတွေ၊ တဖက်အဖွဲ့ကနေ တခြားသူကို ခိုင်မာတဲ့ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးတာတွေ၊ နိုင်ငံရရေးအရ တန်းတူမဆက်ဆံတာတွေနဲ့ လူထုအပေါ် လက်နက်အားကိုး နှိပ်စက်တာတွေ တွေ့လာရတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းနဲ့သာ ဖြေရှင်းဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရ တန်းတူမှုရှိတဲ့ ဘုံသဘောထားနဲ့ ရှင်းလင်းတဲ့ မူတွေအခြေခံပြီး တပ်ပေါင်းစုတရပ်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ဖို့နဲ့ ပသုံးလုံးရဲ့ လူထုအပေါ် ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေကို အမြန်ဆုံးဖြေရှင်းဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အမ်းမြို့ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၁၁၆)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 11 Views
မတ်လ (၁၁)ရက်။ မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရွှေပေါက္ကံမှာ ရန်ဖြစ်တာကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး ကားတိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 14 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့ ည (၁၀)နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်မှာ ရန်ဖြစ်တဲ့အဖွဲ့ကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားတိုက်ခံရတယ်လို့
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 26 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မြိုမှာ စစ်တပ်က ဓါးစာခံအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်သူ (၃၀၀)ကျော်ကို အမှတ် (၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲတွေနဲ့
မြန်မာသတင်း

ထီးချိုင့်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 29 Views
မတ်လ (၁၀)ရက်။ အခုရက်ပိုင်းထဲ ထီးချိုင့်မြို့ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ (၁၀)ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မတ်လ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က
မြန်မာသတင်း

ညောင်လေးပင်လူသတ်မှု စစ်ကောင်စီအတွက် ပထမဆုံးမဟုတ်ဘဲ အာဏာမသိမ်းခင်ကထဲက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 18 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု ညောင်လေးပင်လူသတ်မှုဟာ စစ်ကောင်စီအတွက်တော့ ပထမဆုံး မဟုတ်ပါဘူး။ စစ်ကောင်စီဟာ အာဏာမသိမ်းခင်ကာလများတည်းက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင်
မြန်မာသတင်း

PDF ထိန်းချုပ်ထားတဲ့ရွာကို သွားဖျော်ဖြေတာကြောင့်ဆိုပြီး အဆိုတော် လမင်းကဗျာကို စစ်တပ် ဖမ်းဆီး

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
မတ်လ (၁၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရန်ကုန် လှိုင်မြို့နယ်ရှိ နေအိမ်မှာ အဆိုတော် လမင်းကဗျာကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ချက်‌တွေအရ သိရပါတယ်။ “ သူက PDF ထိန်းချုပ်ထားတဲ့ မြိုင်မြို့နယ်ဘက်က ဝယ်တောင်ရွာကို သီချင်းသွားဖျော်ဖြေလို့ဆိုပြီး
မြန်မာသတင်း

လယ်ကဆောနယ်ထဲ စစ်တပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 26 Views
မတ်လ (၁၀)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က လယ်ကဆောမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ တပ်ရင်း (၅၅၉)၊ (၅၆၀)၊ (၃၅၈)နဲ့
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 23 Views
မတ်လ (၁၀)ရက်။ NUG အနေနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေဖို့အတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို အားကောင်းတဲ့ စုဖွဲ့မှုကနေ အာဏာရှင်စနစ်