မတ်လ (၁၁)ရက်။
မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။
“ စစ်သုံ့ပန်းတွေထာတဲ့ အကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ (၃)နာရီခွဲကျော်လောက် မရပ်မနားဘဲ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
AA ရဲ့ စစ်သုံ့ပန်းတွေထားတဲ့ ဒါးလက်ချောင်းဒေသရှိ အကျဉ်းစခန်းကို စစ်တပ်က နံနက် (၁၁)နာရီကျော်အချိန်ကစပြီး နေ့လယ် (၂)နာရီခွဲအချိန်အထိ (၃)နာရီခွဲကျော်ကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ စစ်သုံ့ပန်း (၁၁၆)ဦး သေဆုံးခဲ့ပြီး (၃၂)ဦး ဒဏ်ရာရခဲ့တဲ့အပြင် အသေးစား ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးသူတွေထဲ အရပ်သားထဲက ပြစ်ဒဏ်ကျခံရသူတွေ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရခိုင်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေထဲ အခုဖြစ်စဉ်ဟာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အသေအပျောက် အများဆုံးဖြစ်ပြီး စစ်ဘက် အရာရှိကြီးအမျအပြားလဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အခုအခါ စစ်သုံ့ပန်းအလောင်းအချို့ဟာ ဘယ်သူဘယ်ဝါမှန်း စစ်ဆေးဖို့ခက်ခဲတာ၊ ခန္ဓာအစတွေ တစမှမရရှိတဲ့ ပျောက်ဆုံးအလောင်းတွေ ရှိနေတာကြောင့် အသေးစိတ်အချက်အလက်တွေ စစ်ဆေးနေတယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








