နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို

မတ်လ (၁၂)ရက်။

မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

လုပ်ပိုင်ခွင့်အာဏာခွဲ‌ဝေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ သဘောတူညီချက် (၉)ရပ် ချမှတ်နိုင်ခဲ့ကာ ကျန်ရှိနေတဲ့ ကဏ္ဍတွေပေါ် ပြင်ဆင်ဖို့လိုအပ်တဲ့ အချက်တွေ၊ ဖြည့်စွက်ဖို့ လိုအပ်တဲ့ အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့တို့နဲ့ စပ်လျဉ်းပြီး ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အပြန်အလှန် တိုင်ပင်ခဲ့ကြတယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

အစည်းအဝေးကို NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဒုဝန်ကြီး ဦးကျော်နီ၊ အလုပ်သမားဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ သယံဇာတဒုတိယဝန်ကြီး ခွန်စောဖူးနဲ့ ရုံးအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့က ဝန်ကြီးချုပ် ဦးစိုးဦး၊ ပြည်ထဲရေးဝန်ကြီး ဦးမိုးမင်းဝင်း၊ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးသန်းလှိုင်၊ ရှေ့နေချုပ် ဦးအောင်ချစ်ညိုနဲ့ ရုံးအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 11 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား
မြန်မာသတင်း

ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 15 Views
မတ်လ (၁၂)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ကစယ်ဒိုမြို့ရှိ စစ်တပ်ရဲ့ ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 28 Views
မတ်လ (၁၁)ရက်။ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းမှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လဝကဝန်ကြီးဌာနတို့
မြန်မာသတင်း

လယ်မူလားမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားတွေအပါအဝင် (၁၁)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 34 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က လယ်မူလားမြို့ တဖီလေးခိုရွာ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုရားကျောင်းမှာ ရက်တိုသင်တန်း
မြန်မာသတင်း

အမ်းမြို့ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၁၁၆)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 33 Views
မတ်လ (၁၁)ရက်။ မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ “ စစ်သုံ့ပန်းတွေထာတဲ့ အကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ (၃)နာရီခွဲကျော်လောက်
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းနဲ့သာ ဖြေရှင်းဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆို

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 37 Views
မတ်လ (၁၁)ရက်။ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြား ရန်သူလို လက်နက်ကြီးငယ်နဲ့ ခြိမ်းခြောက်ဖြေရှင်းတာတွေ တနေ့တခြား ပိုတွေ့လာတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်ပြီး ဘုံရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ဖြစ်သလို ဘုံရန်သူကို
မြန်မာသတင်း

ရွှေပေါက္ကံမှာ ရန်ဖြစ်တာကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး ကားတိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 30 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့ ည (၁၀)နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်မှာ ရန်ဖြစ်တဲ့အဖွဲ့ကို ဝင်ဖြေရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားတိုက်ခံရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ဖြစ်တာက (၁၂)ဈေးနားမှာ၊ ရန်ဖြစ်တဲ့အဖွဲ့ကို ရခတွေက ဝင်ဖြေရှင်းပေးရင်း
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 36 Views
မတ်လ (၁၀)ရက်။ ညောင်လေးပင်မြိုမှာ စစ်တပ်က ဓါးစာခံအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူ (၃၀၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်သူ (၃၀၀)ကျော်ကို အမှတ် (၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲတွေနဲ့